Saturday, March 1, 2014

3D ဆင်ဆာ ထောက်ပံထားတဲ့ ၀တ်ဆင်စရာ ကျန်းမာရေး လက်ပတ်


 

Post By Aung Ko Htet (MM IT Knowledge)

အလုပ်ပြင်ပတွေမှာ ကျန်းမာရေး လိုက်စားလေ့ရှိတဲ့သူတွေအတွက် ဖြစ်ပါတယ်။ ရေစိုခံခြင်း၊ လက်မောင်း၊ ခြေချင်းဝတ် အစရှိတဲ့နေရာတွေမှာ
ရွေးချယ်ဝတ်ဆင်နိင်ခြင်း ဟာ Moov လို့ခေါ်တဲ့ Fitness tracker ရဲ့ အားသာချက်တွေ ဖြစ်ပြီး အဆိုပါ လုပ်ဆောင်နိင်စွမ်းတွေရှိတဲ့ အတွက်
ရေကူး၊ ယောဂ၊ အပြေးလေ့ကျင့်ခြင်း၊ ဂေါ့ဖ်ရိုက်ခြင်း အစရှိတဲ့ အားကစားတွေမှာ အနေအထားမှန်ကန်စေဖို့ ကူညီဖြည့်ဆီးပေးပါတယ်။

ဥပမာ - မိတ်ဆွေပြေးနေစဉ်အတွင်း လက်မောင်းကို ပိုလွဲရန် လိုခြင်း (သို့) ပြေးခြင်းကြောင့် ဒူးမှာ ဒဏ်ဖြစ်ခြင်းတို့ကို ရှောင်လွဲစေရန် ကူညီ လမ်းညွှန်ပေးမှာဖြစ်ပါတယ်။ အဆိုပါ အသိပေးချက်တွေကို ဖုန်းထဲမှာ ရှိတဲ့ App ဆီသို့ အချက်အလက် လှမ်းပို့ပေးပြီး ဖုန်းကနတစ်ဆင့် နားမှာ နားကြပ်တပ်ထားရုံနဲ့ အသိပေးမူတွေက်ု ကြားရ၊ မြင်ရ မှာ ဖြစ်ပါတယ်။

Movv ကုမ္ပဏီ အနေနဲ့ အခြား wearable fitness tricker တွေကြား ကွဲပြားတဲ့ တမူထူးခြားမူတွေ အနေနဲ့ တင်ဆက်ပေးဖို့ မျှော်လင့်နေကြောင်း
ဆိုပြီး အများ ပြည်သူတွေအတွက် fit ကျပြီး ကျန်းမာရေးကို အထောက်အပံပေးမဲ့ ကိရိယာတွေကို ပေးစွမ်းဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ဟားဗတ့် တက္တသိုလ်မှာရှိတဲ့ အားကစားသိပ္ပံ သုတေသန အသင်းက နောက်ခံပြုလုပ်ခဲ့တာဖြစ်ပြီး ခေတ်မီတဲ့ 3D အာရုံခံ ကရိယာ ပါဝင်ပါတယ်။

လက်လီ အတွက် ဈေးနှုန်းကတော့ ဒေါ်လာ 120 ခန့်ရှိတယ်လို့ သိရပါတယ်။

Aung Heine ( www.smart.com.mm )

0 comments:

Post a Comment