Friday, March 14, 2014
ကွန်ပျူတာကို အလွယ်ပြုပြင်ထိန်းသိမ်းနည်းများ ပါဝင်သည့် All in One Windows Recovery System ထွက်ရှိ
Aung Ko Htet (MM IT Knowledge)
ကွန်ပျူတာ Desktop, Laptop Computer များတွင် Windows (Operation) နှင့် Software (Application) များ ပျက်စီးခြင်းကို မိမိကိုယ်တိုင် လွယ်ကူလျင်မြန်စွာ ပြုပြင်နိုင်သောစနစ် ထွက်ရှိလာကြောင်း သိရသည်။
အဆိုပါ All in One Windows Recovery System တွင် အသုံးပြုနည်းစာအုပ်၊ Software DVD (Recover+Boot) ခွေ ၆ ချပ်နှင့် 8 GB Memory Stick တို့ပါဝင်မှာဖြစ်သည်။ Restore Windows Install နှင့် Motherboard Driver မတင်ရသေးခင် Windows ကို Clone လုပ်လျှင် ကြိုက်ရာစက်မှ တပ်ဆင် Install ပြုလုပ်၍ အသုံးပြုနိုင်မှာဖြစ်သည်။ File Folder တွေကို ချုံ့နိုင်မည်ဖြစ်ပြီး ချုံ့ထားတဲ့ ဖိုင်တွေ ကို ပြန်ဖြည်နိုင်မည့်အပြင် Drive တစ်ခုမှတစ်ခုသို့ ကူးယူ/ပြောင်း ပြုလုပ်နိုင်မှာဖြစ်သလို မှားဖျက်မိတဲ့ ဖိုင်များကိုလည်း ပြန်ရှာဖွေပေးနိုင်မှာဖြစ်သည်။ Hard Disk ပေါ်တွင် Discovery's Recovery စနစ်ကို ထည့်သွင်းထားရုံဖြင့် Windows မပါလည်း Discovery's Windows (XP, 7, 8) ဖြင့် အခွေကူးယူနိုင်မှာဖြစ်သည်။ Windows (XP, 7, 8) ကို Restore ပြုလုပ်ထားတဲ့ Hard Disk ကို အခြား Hard Disk မှာ ပုံတူကူးယူနိုင်မည်ဖြစ်သည်။ USB Boot ကို Desktop နှင့် Laptop Computer တိုင်းတွင် အသုံးပြုနိုင်မှာဖြစ်သည်။ စာအုပ်နှင့်အတူ ထည့်သွင်းပေးထားသည့် Windows (XP, 7, 8) \ Windows Backup Image များသည် ကွန်ပျူတာတိုင်းအတွက် အသုံးပြုနိုင်မှာဖြစ်သည်။ System Partition မပါတဲ့ Windows Partition များကိုလည်း Backup ပြုလုပ်နိုင်မှာဖြစ်သည်။ Windows XP, 7 (32 Bit, 64 Bit) Windows 8 ကြိုက်နှစ်သက်ရာ Windows မှ Single Windows, Dual Windows, Triple Windows အနေဖြင့် လွယ်ကူစွာပြုလုပ်နိုင်မှာဖြစ်သည်။
စာအုပ်နှင့်ပူးတွဲပါဝင်သည့် 8GB Memory Stick နှင့်ပတ်သက်၍ အခက်အခဲမရှိစေရန် စာအုပ်ထဲတွင် သုံးစွဲနည်းများကို ရှင်းပြပေးထားမှာဖြစ်သည်။ အဆိုပါ All in One Windows Recovery System ကို စာအုပ်ဆိုင်တိုင်းတွင် ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း-၀၉-၇၃၁၇၃၂၇၉၊ ၀၉- ၇၃၁၇၃၂၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။
REF: -ဝေဝေ
0 comments:
Post a Comment