Friday, March 7, 2014

Apple Carplay System အား Geneva Motor Show မှာမိတ်ဆက်ခဲ့



Post By Aung Ko Htet ( MM IT Knowledge)


Apple ကုမ္ပဏီမှ ၄င်းတို့ရဲ့ ကုန်ပစ္စည်းသစ်ဖြစ်တဲ့ CarPlay Touchscreen System တစ်ခုကို Volvo မှမျိုးဆက်သစ် Volvo XC90 ကားအမျိုးအစားနဲ့ တွဲဖက်၍ ယခုကျင်းပလျက်ရှိသော 2014GenevaMotor Show မှာပြသဖို့ ပြီးခဲ့တဲ့ မတ်လ၃ရက်နေ့က ကြေညာထားပါတယ်။

အဆိုပါ System နှင့်တွဲဖက်ပြီး နာမည်ကြီး ကားကုမ္ပဏီများဖြစ်ကြတဲ့
Ferrari နဲ့ Mercedes-Benz တို့ကလည်း အားကျမခံ လာမယ့်Geneva Show မှာ Apple Carplay System ကိုအသုံးပြုပြီး ၄င်းတို့ရဲ့ ကားများကို ပြသဖို့အ
တွက် ခွင့်ပြုချက် ရရှိခဲ့ပြီးပြီ ဖြစ်လို့ အခုလာမယ့် 2014 Geneva Motor Show ကတော့ Apple နဲ့ ကားအလန်းစားတွေရဲ့ မိတ်ဆက်တွေ့ဆုံပွဲ လို့ ဆိုရမလားပါပဲ။

Apple CarPlay In Action မှာတော့ iPhone နှင့်ပဲ သီးသန့်ချိတ်ဆက်အသုံးပြုနိုင်အောင် စီမံထားမှာ ဖြစ်ပြီး iPhone 5, 5C, 5s ကနေပြီးတော့ ထွက်ရှိဖို့အချိန်များစွာလိုသေးတဲ့ iPhone 7 ထိတိုင်အောင် ချိတ်ဆက်လို့ရအောင်စီမံထုတ်လုပ်ထားတယ်လို့ သိရှိရပါတယ်။


https://www.facebook.com/MyanmarMarketplace

Ref : autoblog


Credit>>> ဇော်ဖြိုးထွဋ် (MM market)

0 comments:

Post a Comment