Sunday, March 2, 2014

Elbit Systems မှတီထွင်ခဲ့သည့်မြေပြင်အာရုံခံစနစ်သစ်


Post By Aung Ko Htet ( MM IT Knowledge)

Elbit Systems အဖွဲ့အနေဖြင့် Treasures ဟုအမည်မှည့်ခေါ်ထားသည့် စောင့်ကြည့်စရာ မလိုသော မြေပြင်အာရုံခံစနစ် တစ်ခုတစ်ခုအား မိတ်ဆက်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါစနစ်အနေဖြင့် ကာကွယ်ခြင်းဆိုင်ရာ၊ နယ်စပ်ကင်းထောက်ခြင်းဆိုင်ရာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကြိုတင်သတိပေးဆိုင်ရာ အစရှိသည်များကို တစ်စု တစ်စည်းတည်း ဖော်ပြပေးနိုင်မည်ဟု သိရှိရပါသည်။



Treasures စနစ်သည် လူ၊ယာဉ်များနှင့် ပတ်သက်၍ အမျိုးအစားခွဲခြားခြင်း၊ ထောက်လှမ်းခြင်းများကို အချိန်နှင့်တပြေးညီစွာဖြင့် မည်သည့်ရာသီဥတုအခြေအနေမျိုးတွင်မဆို အလိုအလျောက် ထောက် လှမ်းအာရုံခံနိုင်မည် ဖြစ်သည်။ ထို့အပြင် စနစ်အနေဖြင့် စွမ်းအင်အသုံးပြုမှုနည်းပါးကာ လူကြာရှည်စွာစောင့်မကြည့်နိုင်သော အခြေအနေမျိုး အတွက် လွန်စွာအသုံးဝင်သောစနစ်တစ်ခုဖြစ်ပြီး ၀င်ရောက်လာသော လှုပ်ရှားမှုများကို ခြေရာခံ ထောက်လှမ်း၍ လက်ကိုင်ရေဒီယိုသို့ ပို့ဆောင် သတိ ပေးမည်ဖြစ်သည်။




၎င်းစနစ်တွင် နေ့ညဓာတ်ပုံရိုက်ကူးရန်အတွက် Miniature Imaging Device (MID) စနစ်နှင့် ဗီဒီယို ထောက်လှမ်းခြင်းအတွက် Video Motion Detection (VMD) စနစ်များကိုလည်း ပေါင်းစပ်ထည့် သွင်းထားပါသည်။ MID အာရုံခံစနစ်အနေဖြင့် ထောက်လှမ်းရရှိသော ပုံများကို UHF Narrow Band Network ကိုအသုံးပြု၍ အလိုအလျောက် ထုတ်လွှင့်ပေးပါသည်။ ထို့အပြင်စနစ်တွင် Miniature Tactical Radar (MIR) နှင့် Talos ဟုခေါ်သော ရေဒါ ၂ ခုပါဝင်ပြီး ၄င်းတို့မှလည်း လူနှင့်ယာဉ်များကို ခြေရာခံခြင်း များ ပြုလုပ်နိုင်ကာ နှစ်ခုစလုံးမှာ နေရောင်ခြည်စွမ်းအင်သုံး အမျိုးအစားဖြစ်ပြီး မီတာရာကျော်အကွာ အဝေးကို ထောက်လှမ်းအားရုံခံနိုင်စွမ်း ရှိပါသည်ဟု သိရှိရပါသည်။

=======================================
ပြန်ဆိုသူ- World Wide

Ref:http://defense-update.com/20140212_treasures_ugs.html

0 comments:

Post a Comment