Tuesday, March 4, 2014

ကျေးလက်ဒေသများတွင် မိုဘိုင်းလ်ဘဏ်စနစ်အသုံးပြုနိုင်ပါက တိုင်းပြည်၏ GDP တိုးတက်လာမည်ဟု ဒုဝန်ကြီး ပြောကြား



Post By Aung Ko Htet ( MM IT Knowledge)

ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံတွင်ဘဏ် မရှိ သေးသောတောရွာဒေသများမှ လူအများစုအနေဖြင့် ဘဏ် စနစ်ကို မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် အသုံးပြုနိုင်မည်ဆိုပါက တိုင်း ပြည်၏ GDP အနေဖြင့်၅ရာခိုင်နှုန်းတိုးတက်လာမည် ဖြစ်ကြောင်းဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာနဒုတိယ၀န်ကြီး ဦးသောင်းတင်မှပြော ကြားခဲ့ကြောင်း သိရှိရသည်။
“ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် လူအများစုက မြို့ရွာမှာနေတာထက် ကျေးလက်ဒေသတွေ မှာ နေထိုင်ကြတာပိုများပါတယ်။ 
 
ဒါကြောင့် ကျေးလက်ဒေသတိုး တက်ဖို့ လမ်း၊ တံတား၊ လျှပ်စစ်မီးနဲ့ မိုဘိုင်းလ် ဆက်သွယ်ရေး ကဏ္ဍတွေက အဓိကကျပါတယ်။ မိုဘိုင်းလ်ဆက်သွယ်ရေး ကဏ္ဍမှာဆိုရင်လည်း ဖုန်းပြောရုံနဲ့ မပြီးပါ Value Added Service တွေ Moible Financial Service ဆိုရင်လည်း Value Added Service တစ်မျိုးပါ။ ဘဏ်ကို မရောက်သေးပေမယ့် ငွေလွှဲတာတို့၊ ငွေထုတ်တာတို့ အပြင် ပစ္စည်းဝယ်ပြီး ငွေချေတာတွေကို မိုဘိုင်းလ်ဖုန်းကနေ တဆင့် ဆောင်ရွက်နိုင်မှာပါ။ ဒါ့ကြောင့် ကျေးလက်ဒေသကလူတွေ အနေနဲ့ ဘဏ်စနစ်ကို အသုံးပြုမယ်ဆိုရင် တိုင်းပြည်ရဲ့GDP ၅ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ဆိုပါတယ်။ နောက်ပြီး ဆင်း ရဲမွဲတေမှုကို လျှော့ချနိုင်ပါတယ်”” ဟု ဆက်သွယ်ရေးသတင်း အချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြော ကြားခဲ့သည်။

ပြည်တွင်းမိုဘိုင်းလ်သုံးစွဲမှုပမာဏတိုးတက်မြင့်မားလာ စေရန်ဆောင်ရွက်ထားရှိပြီး နောက်ပိုင်းကာလများတွင် ဆက် သွယ်ရေးအော်ပရေတာ (၄)ခု အနေဖြင့် Value Added Service များကို ၀န်ဆောင်မှုပေးရန်စီစဉ်ထားရှိသည်။ ထို့ အပြင် မိုဘိုင်းလ်ဘဏ်စနစ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

Credit>>> အောင်ရဲကျော်

0 comments:

Post a Comment