Monday, March 10, 2014

ကြုံတွေ့နေရသော ပြဿနာများကိုနည်းပညာသုံး၍ဖြေရှင်းပေးနိုင်ရန်အတွက် Hackathon ပွဲကို ရန်ကုန်တွင် ကျင်းပမည်



Aung Ko Htet (MM IT Knowledge)

လက်ရှိမြန်မာ့မိုဘိုင်းလ်ဈေးကွက်နှင့် နည်းပညာဈေးကွက်ကို နိုင်ငံတကာနှင့်နှိုင်းယှဉ်လေ့လာပါက များစွာကွာဟနိမ့်ကျလျက်ရှိရာ ၂၀၁၄ ခုနှစ်မှ စတင်၍ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍတွင် အရှိန်အဟုန်ဖြင့် တိုးတက်စေလိုသော ရည်ရွယ်ချက်ဖြင့် Code for Change Myanmar ၏ ပထမဦးဆုံးကျင်းပသော Hackathon ပွဲကို ၂၀၁၄ ခုနှစ်၊ မတ်(၁၅)ရက်မှ (၁၆)ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။



Hackathon ပွဲအခမ်းအနားကို (၄၈)နာရီကြာ ကျင်းပသွားရန်စီစဉ်ထားရှိပြီး Developer များ NGO အဖွဲ့အစည်းများနှင့် CSO မှ စိတ်ပါဝင်စားသူများအနေဖြင့် ၂၀၁၄ခုနှစ်ဖော်ဖော်ဝါရီ ၂၈ရက်နေ့ နောက်ဆုံးထား၍www.CoderforChangeMyanmar.org နှင့် www.facebook.com/CodeforChangeMyanmar မှ လျှောက်လွှာရယူ၍ ပြည်လည်တင်သွင်းရမည်ဖြစ်သည်။ “မြန်မာပြည်ရဲ့အတော်ဆုံး developer များ၊ဒီဇိုင်နာများနဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်အားလုံးတက်ရောက်ပြီး လျှောက်လွှာတင်သွင်းထားတဲ့ ပြဿနာတွေကိုနည်းပညာအသုံးချပြီးကူညီဖြေရှင်းပေးမှာပါ။Hackathon ဆိုတာကတော့ Hackနဲ့ Marathon တို့ ပေါင်းစပ်ထားတဲ့စကားလုံးပါ။ Hackathon ပွဲမှာတော့နည်းပညာသမားတွေအနေနဲ့သူတို့တတ်ကျွမ်းတဲ့နည်းပညာရပ်တွေနဲ့လက်ရှိကြုံတွေ့နေတဲ့ ပြဿနာတွေကိုကူညီဖြေရှင်းပေးနိုင်အောင်စုစည်း ပေးတဲ့လှုပ်ရှားမှုတစ်ခုပါ”ဟုCode for Change Myanmar/ Internews မှMr.David Madden ကရှင်းလင်းပြောကြားခဲ့သည်။
Code for Change Myanmar ၏ Hackathon ပွဲကို မြန်မာနိုင်ငံအတွင်းဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လက်ဝယ်ရရှိထားပြီးဖြစ်သောOoredoo Myanmar၊စင်္ကာပူထိပ်တန်းအိုင်တီပစ်္စည်းများနှင့် နည်းပညာသုံးပစ္စည်းများကိုတင်သွင်းရောင်း ချပေးလျက်ရှိသော SINGTECH Myanmar, Internews နှင့်ကမ္ဘာ့ဘဏ် တို့မှပံ့ပိုး ကူညီပေးထားကြောင်း သိရှိရသည်။
 

Credit>>> အောင်ရဲကျော်

0 comments:

Post a Comment