Saturday, March 1, 2014
Honeywell အမှတ်တံဆိပ် လုံခြုံရေးကင်မရာနှင့် DVR အသစ်များ ဝင်ရောက်
Post By Aung Ko Htet ( MM IT Knowledge)
Honeywell အမှတ်တံဆိပ် လုံခြုံရေးကင်မရာနှင့် DVR အသစ်များ ဝင်ရောက်လာကြောင်း အဆိုပါ Honeywell အမှတ်တံဆိပ် တရားဝင်ကိုယ်စားလှယ် တင်သွင်းခွင့်ရရှိသည့် Total Technology Engineering ကုမ္ပဏီမှ သိရသည်။ USA အမျိုးအစားဖြစ်ပြီး အာရှအတွက် ရည်ရွယ်၍ ယခုနှစ်မှစတင်ထုတ်လုပ်ဖြန့်ချိခြင်း ဖြစ်သည်။ သို့ဖြစ်၍ မြန်မာပြည်နှင့် အရည်အသွေးပိုင်းသာမက ဈေးနှုန်းအရပါ အထူးသင့်တော်သည့် အမျိုးအစားများပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“ Honeywell ရဲ့လုံခြုံရေးကင်မရာတွေမှာဆိုရင် နေ့/ည နှစ်မျိုးစလုံး သုံးနိုင်ပါတယ်။ 750 TV Line Resolution ထုတ်ပေးတာကြောင့် ရုပ်ထွက်ကြည်လင်ပါတယ်။ Indoor, Outdoor နှစ်မျိုးရှိတဲ့အတွက် လိုအပ်သလို အသုံးပြုနိုင်ပါတယ်။ DVR မှာတော့ 4 Channel, 8 Channel, 16 Channel သုံးမျိုးရှိပြီး 2TB Storage အထိ Hard disk တွဲ၍ သုံးနိုင်ပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ Internet ချိတ်ဆက်ပြီး အွန်လိုင်းစနစ်နဲ့ မိမိရောက်ရှိနေတဲ့နေရာကနေ တိုက်ရိုက်လှမ်းကြည့်လို့ ရနိုင်မှာပါ”ဟု Total Technology Engineering \ Director မှ ရှင်းပြသည်။ အဆိုပါလုံခြုံရေးကင်မရာနှင့် DVR တို့နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက် သိရှိလိုသူများ၊ ဝယ်ယူလိုသူများ၊ တစ်ဆင့်ပြန်လည်ဖြန့်ဖြူးလိုသူများအနေဖြင့် Total Technology Engineering ကုမ္ပဏီ ဖုန်း ၀၉၅၁၇၄၃၂၂၊ ၀၉၅၀၉၁၅၅၁၊ ၀၉၃၁၉၄၆၁၁၃ သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။
Credit>>> -မိုးသူ
0 comments:
Post a Comment