Sunday, March 9, 2014
House.com.mm သတင်းစာ ရှင်းလင်းပွဲ မှတ်တမ်းထုတ်ပြန်ချက်
Aung Ko Htet(MM IT Knowledge)
House.com.mm (www.house.com.mm) ဟာ ကမ္ဘာ့ အကြီးဆုံး အင်တာနက် အခြေပြု စီးပွားရေး လုပ်ငန်းများ တည်ထောင်သူ Rocket Internet ကုမ္မဏီရဲ့ ဝဘ်ဆိုဒ် တစ်ခု ဖြစ် ပါတယ်။ ယင်း ဝဘ်ဆိုဒ်ဟာ မြန်မာပြည်မှာ အိမ် ခြံ မြေ အရောင်း အဝယ် ပြုလုပ်ရန် ဝန်ဆောင်မှု ပေးတဲ့ အွန်လိုင်းက အကြီးဆုံး ဈေးကွက် တစ်ခု ဖြစ်ကြောင်း ၎င်းတို့ ကြေညာခဲ့ ပါတယ်။ House.com.mm ဟာ အာရှ၊ အာဖရိက နဲ့ လက်တင် အမေရိက ရှိ နိုင်ငံပေါင်း ၂၀ ကျော်မှာ လည်ပတ်နေတဲ့ Lamudi အမည်ရ ဝဘ်ဆိုဒ်ရဲ့ မြန်မာပြည် ကိုယ်စားပြု ဝဘ်ဆိုဒ် တစ်ခု အဖြစ် သတ်မှတ် ထားပါတယ်။
House.com.mm ဟာ ယမန်နှစ်က စလို့ သိသိသာသာ တိုးတက်လာတဲ့ ဝဘ်ဆိုဒ် တစ်ခု ဖြစ်ပြီး Rocket Internet ရဲ့ အိမ် ခြံ မြေ ရောင်း ဝယ် ဝန်ဆောင်မှု ဝဘ်ဆိုဒ်များထဲမှာ အဓိက ရှေ့ပြေး ဝဘ်ဆိုဒ် တစ်ခု ဖြစ်လာမယ် လို့တောင် ယုံကြည် ထားကြ ပါတယ်။ လက်ရှိ မြန်မာပြည်ရဲ့ အင်တာနက် အသုံးပြုမှုဟာ တဖြည်းဖြည်း တိုးတက် လာနေပြီး မိုဘိုင်းဖုန်းကနေ တစ်ဆင့် အင်တာနက် အသုံးပြုမှုပါ ပိုမို တိုးတက် လာပါတယ်။ ဒါကြောင့်မို့ House.com.mm ရဲ့ ပြီးခဲ့တဲ့လ ဝင်ရောက် ကြည့်ရှုသူ လူဦးရေဟာ ၂၅၀ ၀၀၀ ကျော်လွန် ခဲ့ ပါတယ်။ ဝဘ်ဆိုဒ် စတင် တည်ထောင်တဲ့ အချိန်က စလို့ ယနေ့အထိ အိမ် ခြံ မြေ အချက်အလက် စာရင်းပေါင်း ၄၀၀၀ ကျော်လွန် ခဲ့ပြီ ဖြစ်ပါတယ်။
ကုမ္မဏီဟာ ယခု ဆိုရင် မြန်မာပြည်ရဲ့ အကြီးဆုံး အိမ် ခြံ မြေ ဝန်ဆောင်မှု အေးဂျင့် များ၊ လုပ်ငန်း များ ရဲ့ ပါတနာ ဝဘ်ဆိုဒ် တစ်ခု ဖြစ်လာကြောင်းလည်း ကြေညာခဲ့ ပါတယ်။ ယင်း ပါတနာ ထဲမှာ Asia Land Real Esate, စိုးစံလင်း နဲ့ Shine Construction တို့လို ကုမ္မဏီ များလည်း ပါဝင်ကြောင်း ဆိုပါတယ်။ ဒါဟာ House.com.mm က မြန်မာပြည်ရဲ့ အိမ် ခြံ မြေ ကဏ္ဍမှာ ယုံကြည် စိတ်ချရတဲ့ နေရာ တစ်ခု အဖြစ် အသိအမှတ်ပြု ခံစေခြင်း ဖြစ်ပါတယ်။
House.com.mm ရဲ့ နိုင်ငံကိုယ်စားလှယ် မန်နေဂျာ Michiel Bakker က ယခုလို ပြောကြား ခဲ့ ပါတယ်။ “လက်ရှိ မြန်မာပြည်ရဲ့ ပြည်တွင်း ဈေးကွက် အခြေအနေအရ အွန်လိုင်းမှာ ထိုးဖောက်ဖို့ မလွယ်ဘူးလို့ ဆိုကြ ပါတယ်။ ဒါပေမယ့် ကျနော်တို့ အတွက်ကျတော့ ဒါကို လွယ်ကူတဲ့ အခြေအနေ တစ်ခု အဖြစ် သတ်မှတ် ပါတယ်။
အေးဂျင့်တွေ၊ ရောင်းသူ၊ ဝယ်သူတွေ နဲ့ တွေ့ဆုံ ပြောဆိုခဲ့တဲ့ အခါမှာ ဝဘ်ဆိုဒ်ပေါ် တင်ခြင်းက တကယ် အရောင်း ထွက်စေကြောင်း ပြန်လည် ကြားသိ ရပါတယ်။ အိမ် ခြံ မြေ ကို အွန်လိုင်းပေါ်မှာ တင်ပြီး ရောင်းချခြင်းက အမှန်တကယ် အလုပ် ဖြစ်ကြောင်း သက်သေ သာဓက များက ကျနော်တို့ကို နိုင်ငံ အနှံ့ လုပ်ငန်း တိုးချဲ့ စေဖို့ အားအင် ပိုပေး ပါတယ်။
မြန်မာပြည်မှာ ဂျာနယ်၊ မဂ္ဂဇင်း အသုံးချ ကြော်ငြာ စနစ် ထွန်းကားပြီး အိမ် ခြံ မြေ အချက်အလက် အများကို အတိုဆုံး ပြုလုပ်လို့ ကြော်ငြာ ကြ ပါတယ်။ ဝဘ်ဆိုဒ်မှာ ခါကျတော့ အခကြေးငွေ ပေးစရာ မလိုပဲ အချိန် မရွေး ဝင်ကြည့် နိုင်သလို အမြဲတမ်းလဲ မြန်မာလိုကော အင်္ဂလိပ်လိုပါ အချက်အလက် အသစ်များကို မြင်တွေ့ နိုင်ပါတယ်။ ဝဘ်ဆိုဒ်မှာ ဝင်ကြည့်ခြင်းက အပြင်မှာ အိမ် ခြံ မြေ ကို ကြည့်ရသလိုပဲ ဓာတ်ပုံတွေ၊ အိမ် အကြောင်း သတင်း အချက်အလက်တွေကို ပြည့်ပြည့် စုံစုံ ဝင်ရောက် ဖတ်ရှု စေနိုင်မှာ ဖြစ်ပါတယ်။
Rocket Internet ဟာ အာရှမှာ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် အပြင် မကြာသေးမီက အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့မှာလည်း အိမ် ခြံ မြေ အကျိုးဆောင် ဝဘ်ဆိုဒ်များကို တည်ထောင် ဖန်တီးခဲ့ ပါတယ်။ အာရှမှာ အိမ် ခြံ မြေ ဈေးကွက် သိသိသာသာ တိုးတက် လာခဲ့ပြီး အွန်လိုင်း ကွန်ရက် များလည်း တိုးတက် လာလို့ ဖြစ်ပါတယ်။
မကြာသေးမီက တစ်ကမ္ဘာလုံး အတိုင်းတာနဲ့ ယှဉ်ပြီး လုပ်ငန်း တိုးတက်လာမှုက Rocket Internet နဲ့ Lamudi အတွက် လုပ်ငန်း ရှေ့ဆက်ရန် အားအင်း ဖြစ်စေခဲ့ပြီး အာရှ၊ အာဖရိက၊ လက်တင် အမေရိက တင် မကတော့ပဲ ကမ္ဘာ တစ်လွှား တိုက်တစ်တိုက် တိုင်းစီမှာ လုပ်ငန်း တိုးချဲ့ သွားမှာ ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ ပါကစ္စတန် မှာတော့ ဈေးကွက် ဦးဆောင်သူ ဖြစ်အောင် ကြိုးပမ်း သက်သေ ပြနိုင်ခဲ့ပြီး အခြားသော အာရှ နိုင်ငံ များမှာလည်း ယခုလို အသိမှတ်ပြု ခံရတော့မှာ ဖြစ်ပါတယ်” လို့ Michiel Bakker က ဆက်လက် ရှင်းပြ သွားပါတယ်။
ဘယ်သူမဆို အိမ် ခြံ မြေ ရောင်းရန်ပဲ ဖြစ်ဖြစ် ဝယ်ရန်ပဲ ဖြစ်ဖြစ် ကြိုးပမ်းတဲ့အခါ ကျနော်တို့ အင်တာနက် ပလက်ဖောင်းက အသုံးပြုသူများကို အိမ်၊ တိုက်ခန်း၊ အဆောက်အအုံ မြေ များကို အွန်လိုင်းမှာ အလွယ်တကူ ရှာဖွေ နိုင်ရန် ဖန်တီး ဆောင်ရွက် ထားပေး မှုကြောင့် အိမ် ခြံ မြေ ပိုင်ဆိုင်သူတွေ၊ အေးဂျင့် တွေ အတွက် ယုံကြည် စိတ်ချ ရတဲ့ အွန်လိုင်း ကိုယ်စားပြု ဈေးကွက် စာမျက်နှာ တစ်ခု အဖြစ် တည်ရှိစေ ပါတယ်။
House.com.mm ရဲ့ အဓိက အားသာချက်များ ကတော့ သာမန် အိမ် ခြံ မြေ ဝဘ်ဆိုဒ် များနဲ့ မတူပဲ လုံခြုံ စိတ်ချ ရခြင်း၊ ဓာတ်ပုံ၊ အချက်အလက်၊ မှတ်တမ်း များကိုသာ အရည်အသွေး သေချာ စစ်ပြီးမှ တင်ခြင်း၊ ဈေးကွက်မှာ ၁၀၀ ရာခိုင်နှုန်း ရရှိဖို့ မှန်ကန် သေချာတဲ့ အိမ် ခြံ မြေ များကို တင်ခြင်း တို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ House.com.mm ဟာ အိမ် ခြံ မြေ ပွဲစား များ အားလုံးပါ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ ဝဘ်ဆိုဒ် တစ်ခုလည်း ဖြစ်ပါတယ်။
http://www.house.com.mm
Ref : Internet Journal
0 comments:
Post a Comment