Tuesday, March 11, 2014

Portable Windows 8 ပြုလုပ်နည်း



Aung Ko Htet (MM IT Knowledge)

Laptop, Desktop, Tablet တွေ မရှိရင်လည်း သင့်ကိုယ်ပိုင် windows operating system တစ်ခု ပိုင်ဆိုင်နိုင်ပါပြီ။သင့်မှာလို အပ်တာက USB Stick (or) External Storage Drive တစ်ခု ပါပဲ။Windows 8 Enterprise Edition မှာ Windows To Go ဆိုတဲ့ feature အသစ်တစ်ခု ပါရှိလာပါတယ်။Windows To Go ကို အသုံးပြုပြီး Windows 8 Enterprise ကို portable version အဖြစ် USB Stick မှာ ပြုလုပ် နိုင်ပါတယ်။အဲဒီအတွက် သင်သွားလေရာ မှာ သင့် USB Stick ကို ယူသွားပြီး ကွန်ပြူတာတစ်လုံးလုံး မှာ USB ကနေ boot တက်ပြီး သင့် Windows 8 OS ကို သုံးနိုင်ပါတယ်။အဲဒီ ၀င်းဒိုးမှာ သင့်စိတ်ကြိုက် software တွေ ကို အင်စတောလုပ်ပြီးသုံးနိုင်ပါတယ်။

အရင်ဆုံး သင့်မှာလို အပ်တာတွေက

*Windows 8 Enterprise တင်ထားတဲ့ ကွန်ပြူတာတစ်လုံး

* 32 GB ပမာဏ ရှိတဲ့ USB Stick (or) External Storage Drive

*Windows 8 Enterprise ISO image (or) Windows 8 Enterprise CD/DVD

USB stick ကို သင့်ကွန်ပြူတာ(Windows 8 Enterprise တင်ထားသော) နဲ့ ချိတ်ဆက်ပါ။Windows Enterprise CD/DVD ကို အသုံးပြုမယ့်သူတွေ အတွက် အခွေကို drive ထဲထည့်ထားပါ။ISO image ကို သုံးမယ့်သူတွေ အတွက် ISO ဖိုင်ကို mount လုပ်ရင်လုပ် ဒါမှမဟုတ် Zip ဖြည်တဲ့ ဆော့ဝဲ တစ်ခုခုကို သုံးပြီး extract လုပ်ထားပါ။ search box ကနေ windows to go လို့ ရိုက်ပါ။Settings ကို နှိပ်ပြီး Windows To Go ကို နှိပ်ပါ။



Microsoft က USB 3.0 ကို recommend လုပ်ထားပေမယ့် USB 2.0 နဲ့ လည်းစမ်းသပ်ပြီးအဆင်ပြေပါတယ်။နောက်ပြီး Windows Logo ပါတဲ့ USB stick များကို Microsoft က recommend လုပ်ထားပေမယ့်  တစ်ခြားသော USB stick တွေ မှာလည်းအဆင်ပြေပါတယ်။သင့် usb stick ကို ကွန်ပြူတာကသိရှိပြီး next နှိပ်ပါ။



ဒီအဆင့်မှာ Windows 8 Enterprise DVD အခွေကို အသုံးပြုသူများအနေနဲ့ ကွန်ပြူတာက Installer အခွေက sources ဖိုဒါအောက်မှာ ရှိတဲ့ install.wim ဖိုင်ကို အလို လို သိရှိပြီးရွေးချယ်ပါလိမ့်မယ်။ISO image အသုံးပြူသူတွေ အနေနဲ့ zip ဖြည်ထားတဲ့ ဖိုဒါအောက်မှာ ရှိတဲ့ Sources ဖိုဒါအောက်က install.wim ဖိုင်ကို ရွေးပေးပါ။



နောက်အဆင့်မှာ သင့် USB stick ကို Bitlocker နဲ့ encrypt လုပ်မလားမေးပါလိမ့်မယ်။ဒီအဆင့်မှာ skip ကို နှိပ်ပြီးကျော်နိုင်ပါတယ်။

Create ကို နှိပ်ပါ။

USB stick (or) external storage device ရဲ့  data transfer speed ပေါ်မူတည်ပြီး အချိန်ကြာမြင့်ပါမယ်။

နောက်အဆင့်မှာ Yes ကို ရွေးပေးရင် restart ချပြီး သင့် USB stick ကနေ boot တက်ပေးပြီး သင့်ရဲ့ Portable Windows 8 ကိုသုံးနိုင်ပါပြီ။No ကို ရွေးရင်တော့ သင့် USB stick ကို ကွန်ပြူတာကနေ ဖြုတ်ပေးမှာပါ။

အခု ဆိုရင် သင့် USB stick မှာ portable windows 8 ကို ပြုလုပ်ပြီးဖြစ်လို့  Windows 7 , Windows 8 တင်ထားတဲ့ ဘယ်ကွန်ပြူတာမှာမဆို USB stick ကနေ boot တက်ပြီး သင့် portable windows 8 ကို သုံးနိုင်ပါပြီ။သင့်စိတ်ကြိုက် applications တွေကိုလည်း အင်စတောလုပ်ပြီးသုံးနိုင်ပါတယ်။
 






 
 
REF: Myanmar Digital Life

0 comments:

Post a Comment