Tuesday, March 4, 2014

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံတို့ ပူးပေါင်း၍ Post Graduate Diploma in Software Development သင်တန်း ဖွင့်လှစ်မည်




Post By Aung Ko Htet ( MM IT Knowledge)
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံတို့ ပူးပေါင်း၍ Post Graduate Diploma in Software Development (၉) လ သင်တန်းကို ၂၀၁၄ ခုနှစ်၊ မေလ ၅ ရက်မှစ၍ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။



သင်တန်းသား လျှောက်လွှာများကို မန္တလေးကွန်ပျူတာတက္ကသိုလ်၏ ဝက်ဘ်ဆိုက် http:www.ucsm.edu.mm မှတစ်ဆင့်လျှောက်ထားနိုင်သည်။ သင်တန်းကာလ၏ ပထမ ၆ လကို အိန္ဒိယနိုင်ငံ The International Institute of Information Technology, Bangalore III TB တွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ကျန် (၃) လကို မန္တလေးမြို့တွင် ဖွင့်လှစ်မည် ဖြစ်သည်။ သင်တန်းသို့ လျှောက်ထားလိုသူများ အနေဖြင့် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်နောက်ပိုင်း ME (IT), MCSC, MCTech, B.E (IT), BCSc (Hons) နှင့်  B.C.Tech (Hons) ဘွဲ့ရရှိပြီး ပထမဘွဲ့၏ အတန်းစဉ်အလိုက် ပျမ်းမျှရမှတ် ၆၀  ရာခိုင်နှုန်းနှင့် အထက် ရရှိသူများ လျှောက်ထားနိုင်သည်။ လျှောက်ထားရာတွင် ၆ လအတွင်း ရိုက်ထားသော ပတ်စပို့ အရွယ်ဓာတ်ပုံ ၁ ပုံ ၊ ဘွဲ့လက်မှတ်မိတ္တူနှင့် ပထမဘွဲ့၏ အတန်းစဉ်အလိုက် ရမှတ်စာရင်းများကိုပါ ပူးတွဲ တင်ပြရမည် ဖြစ်သည်။



အဆိုပါ အတန်းတွင် III TB တွင် သင်တန်းတက်ရောက်စဉ် အတွင်း သင်တန်း၏ ကုန်ကျစရိတ်၊ နေထိုင်စားသောက်စရိတ်၊ စရိတ်အဝဝကို အိန္ဒိယအစိုးရမှ ကျခံသွားမည်ဖြစ်ပြီး မန္တလေးမြို့တွင် သင်တန်း တက်ရောက်စဉ် အတွင်း သင်တန်းသားများသည် မိမိအစီအစဉ်ဖြင့် နေထိုင်စားသောက်ရမည်ဖြစ်သည်။ သင်တန်းသို့တက်ရောက်ခွင့်ရရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသော လျှောက်ထားသူများသည် အရည်အချင်းစစ်စာမေးပွဲကို မတ်လ ၁၅ ရက်တွင်ဝင်ရောက် ဖြေဆိုကြရမည် ဖြစ်ကြောင်း သိရသည်။



Credit>>> အေးဖြူ

0 comments:

Post a Comment