Monday, March 10, 2014

Samsung က Galaxy S III Mini Value Edition ကို ရောင်းချ


Aung Ko Htet (MM IT Knowledge)

Samsung က ရောင်းချနေတာ (၁၇) လ ကြာပြီဖြစ်တဲ့ Galaxy S III Mini ရဲ့ ဗားရှင်း အသစ် တစ်မျိုး ကို ထုတ်လုပ်ရောင်းချပေးလိုက်ပါတယ်။ Samsung Galaxy S III Mini Value Edition လို့ အမည်ပေးထားပြီး နယ်သာလန် မှာ စတင်ရောင်းချပေးလိုက်ပါတယ်။

Samsung Galaxy S III Mini Value Edition တွင် ပိုမိုမြန်ဆန်သည့် 1.2GHz Cortex-A9 Processor နဲ့ Android 4.2.2 Jelly Bean အသုံးပြုထားပါသည်။ အခြားသော Specification များက ဗားရှင်းအဟောင်း နဲ့ တူညီသည် ဟု သိရပါသည်။ Samsung Galaxy S III Mini Value Edition တွင် လေးလက်မအရွယ် 480x800 Pixels Display တပ်ဆင်ထားပါသည်။ 1GB RAM ပါရှိပါသည်။ အနောက်ဘက်တွင် 5MP Camera နဲ့ မျက်နှာချင်းဆိုင်တွင် VGA Camera တပ်ဆင်ထားပါသည်။ 8GB or 16GB Internal Storage ရွေးချယ်နိုင်ပါသည်။ Samsung Galaxy S III Mini Value Edition ကို နယ်သာလန် နိုင်ငံတွင် ယူရို (၁၈၀) ဖြင့် ရောင်းချပေးနေပါတယ်။ အခြားနိုင်ငံများ မှာ ရောင်းချမလားဆိုတာ ကို မသိရသေးပါဘူး။


Ref: Myanmar Digital Life

0 comments:

Post a Comment