Monday, March 10, 2014

ဗြိတိသျှကောင်စီ မှ စီစဉ်တင်ဆက်မည်ဖြစ်သည့် ( SOUNDS OF THE WORLD - Classical Music Recital @ the National Theatre of Yangon )



Aung Ko Htet (MM IT Knowledge)

ဗြိတိသျှကောင်စီ မှ စီစဉ်တင်ဆက်မည်ဖြစ်သည့် ( SOUNDS OF THE WORLD -Classical Music Recital @ the National Theatre of Yangon )ဂန္တဝင်ဂီတဖြေဖျော်ပွဲ ကို ၂၀၁၄ ခုနှစ် မတ်လ ၁၉ ရက် ဗုဒ္ဓဟူးနေ့ ည၇နာရီတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင်ပြုလုပ်မည်ဖြစ်ပါ သည်။ အဆိုပါပွဲတွင် Live4Music ဂီတအဖွဲ့မှ SebastianSee-Schierenberg (တယော)၊ Kyoko Koyama (စန္ဒရား)၊ Yunosuke Yamamoto(တယောကြီး) နှင့် Susana Galván (အစီအစဉ်တင်ဆက်သူ)
တို့ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။ ကမ္ဘာတလွှားမှ ဂီတပညာရှင်များဖြစ်သည့်Chopin, Gershwin, Albeniz, Bach, Piazzolla အစရှိသူများ၏ဂီတသံစဉ်များကို တီးမှုတ်ဖျော်ဖြေကြမည်ဖြစ်ပြီး အစီအစဉ်တင်ဆက်သူ SusanaGalván (ဗြိတိသျှကောင်စီမြန်မာ၏ ပညာရေးဌာန ညွှန်ကြားရေးမှူး) မှ
တေးဘွဲ့တစ်ပုဒ်ခြင်း ၏နောက်ခံဇာတ်လမ်း၊ ဂီတစာဆိုတို့၏ဘဝဇာတ်ကြောင်းအစရှိသည်
သိမှတ်ဖွယ်ရာတို့ကို မိတ်ဆက်ပေးပြောကြားသွားမည်ဖြစ်သည်။

အဆိုပါ ဂန္တဝင်ဂီတဖြေဖျော်ပွဲသို့စိတ်ပါဝင်စားသူတိုင်းအခမဲ့လာရောက်ကြည့်ရှုနိုင်ပြီး
စာရင်းပေးရန်/ လက်မှတ်စသည်တို့ လိုအပ်ခြင်းမရှိပါ။ အစီအစဉ်အသေးစိတ်ကိုပူးတွဲပါ PDF file တွင်ကြည့်ရှုနိုင်ပါသည်။ဂန္တဝင်ဂီတဖြေဖျော်ပွဲသို့ တက်ရောက်သတင်းယူပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

https://www.dropbox.com/s/5cdobi1cc3shhvo/Sounds%20of%20the%20World%20Programme%20for%20National%20Theatre%20Concert.pdf
တက်ရောက်လိုပါက (ဖုံး - ၂၅၆၂၉၀၊ ၂၅၆၂၉၁၊
၂၅၄၆၅၈) သို့ ကျေးဇူးပြု၍အကြောင်းပြန်ပေးပါရန် မေတ္တာရပ်ခံပါသည်။


Ref: Internet Journal

0 comments:

Post a Comment