Friday, April 4, 2014
ရေအောက်အနက် ၃၀ မီတာအထိ သွားရောက်ရိုက်ကူးနိုင်သော ကင်မရာတစ်မျိုး ပြည်တွင်းဈေးကွက် ဝင်ရောက်
Aung Ko Htet (MM IT Knowledge)
ရေအောက်အနက် ၃၀ မီတာအထိ သွားရောက်ရိုက်ကူးနိုင်သော Sports HD DV(True Record HD World) အမည်ဖြင့် ကင်မရာတစ်မျိုး ဈေးကွက်အတွင်း ဝင်ရောက်လာပါတယ်။ Sports HD DV ကင်မရာ၏ အရည်အသွေးမှာ ကောင်းမွန်ပြီး ဒီဇိုင်းသစ် model မြင့် အမျိုးအစားတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ရေအောက်ရိုက်ကူးခြင်းအပြင် Car recorder အဖြစ်လည်းကောင်း၊ အိမ်တွင်း လုံခြုံရေးအတွက်လည်းကောင်း၊ အားကစားပြုလုပ်ခြင်းများဖြစ်သည့် စက်ဘီးစီးခြင်း၊ လှေလှော်ခြင်းစတဲ့ လှုပ်ရှားမှုတွေမှာလည်းကောင်း အသုံးပြုနိုင်ပြီး လှုပ်ရှားမှုပုံရိပ်တွေကို 1080p Full HD ဖြင့် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
မိမိချိတ်ဆက်အသုံးပြုမယ့် နေရာအမျိုးအစားနှင့် အဆင်ပြေပြေ ချိတ်ဆက်အသုံးပြုနိုင်အောင် လုပ်ဆောင်နိုင်မယ့် Multi ကလစ်များနှင့် မူလီများ စုံလင်စွာပါဝင်ပါတယ်။ ကင်မရာမှာ 1.5 "LCD (Liquid Crystal Display) display ထည့် သွင်းပေးထားပါတယ်။ 140° A+ high-resolution wide-angle lens အမျိုးအစားကို အသုံးပြုထားပါတယ်။ Video resolution 1920x1080p, 1280x720,840x640 ,640x480 များဖြင့် ရိုက်ကူးနိုင်မှာဖြစ်ပြီး video compressed format H.264 ဖြင့် သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။ ရိုက်ကူးမှုတွေကို Micro SD Card 2GB မှ 32GB အထိ စိုက်ကာသိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။
Built in 1100 MAH rechargeable battery ပါဝင်ပါတယ်။ HDMI HDTV output ပါဝင်တဲ့အတွက် မိမိရိုက်ကူးမှုတွေကို TV display မှာ ရုပ်ထွက် ကြည်လင်ပြတ်သားစွာဖြင့် ကြည့်ရှုနိုင်ပါတယ်။ USB 2.0 Port ပါဝင်ပါတယ်။ နှစ်ကူးကာလ သင်္ကြန်အချိန်အတွင်းမှာလည်း အဆင်ပြေပြေအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများအနေဖြင့် ကိုဘီနိုး (Sony Game) ဘားလမ်းအထက်၊ အမှတ် (၂၅၅-၂၅၉) ဖုန်း ၂၅၆၄၁၇၊ ၃၈၀၅၃၆၊ ၀၉၄၂၁၁၇၈၈၆၉၊ ၀၉၈၆၂၂၇၄၄ သို့ အသေးစိတ် ဆက်သွယ်စုံစမ်းကာ ဝယ်ယူနိုင်ပါတယ်။
ref: internet journal
0 comments:
Post a Comment