Aung Ko Htet (MM IT Knowledge)
Intel NUC ရဲ့ 4K ရုပ်ထွက်ကိုထောက်ပံ့ပေးနိုင်မယ့် Haswell အမျိုးအစား processor တွေတပ်ဆင်ထားတဲ့ ပီစီတွေက ဘယ်လောက်ထိ
ငယ်ရွယ်နိုင်ကြောင်းသက်သေပြခဲ့ပါတယ်။ သို့သော်လည်း NUC အနေနဲ့
မားသားဘုတ်မှာ Core i3 သို့မဟုတ် i5 တို့ကိုပဲ တပ်ဆင်ထားပါတယ်။
ယခုအေခါမှာတော့ NUC ထက် အနည်းငယ်ကြီးမားတဲ့ Shuttle ရဲ့ DS81 desktop
computer ထွက်ရှိလာပြီဖြစ်ပြီး အရွယ်အစားက (19x 16.5 x 4.3cm) ရှိပြီး
သုံးစွဲသူတွေအနေနဲ့ Haswell Core i7 သို့ အဆင့်မြှင့်တင်နိုင်စေမယ့် H81
chipset ကိုသုံးစွဲထားပါတယ်။ DS 81 မတိုင်မီ ထွက်ရှိခဲ့တဲ့ DS 61
လိုမျိုးပဲ အအေးပေးစနစ်များအနေဖြင့် 50 degree Celsius ရှိတဲ့
ပတ်ဝန်းကျင်မှာပင် အလုပ်လုပ်နိုင်စွမ်းရှိအောင်
ထောက်ပံ့ပေးထားပါတယ်။ချိတ်ဆက်မှုပိုင်းအနေနဲ့လည်း PCIe Mini slot
နှစ်ခု(တစ်ခုက တစ်ဝက်အရွယ်အစားဖြစ်ပြီး နောက်တစ်ခုက အပြည့်)၊ RAM slot
နှစ်ခု(up to 16GB)၊ USB ports ခြောက်ပေါက်( နှစ်ပေါက်က 3.0)၊ Display
output သုံးခု(1xHDMI and 2xDisplayPort)၊ dual Gigabit Ethernet ports
နှင့် card reader တစ်ခုတို့ပါဝင်ပါတယ်။ Shuttle က CeBIT ပွဲမှာ
ပြောကြားခဲ့တာက April လကုန်ပိုင်းလောက်မှာ 178 Euro ($250)
နဲ့စတင်ရောင်းချမှာဖြစ်ပြီး စိတ်ကြိုက်ဆင်ထားတဲ့ unit များကို $800
တန်ဖိုးအထိ မှာယူနိုင်တယ်လို့ဆိုပါတယ်။
Nyein Chan (TSJ Tech Team)
Nyein Chan (TSJ Tech Team)
0 comments:
Post a Comment