Tuesday, April 1, 2014

Dual sim စနစ်ဖြင့် Huawei honor 3C



Aung Ko Htet (MM IT Knowledge)


မန်းဈေးကွက်ကို GSM+WCDMA နှစ်ကတ်ထည့်သုံးနိုင်မယ့် Huawei honor 3C ဟန်းဆက် ဝင်ရောက်လာပါတယ်။ Android Version 4.2.2 လည်ပတ်မှုစနစ်နဲ့ဖြစ်ပြီး စကရင်က ၅ လက်မ အရွယ်အစား Resolution 720x1280 pixels နဲ့ ဖြစ်ပါတယ်။ CPU Quad Core 1.3GHz, RAM 1GB နဲ့ ဖြစ်ပါတယ်။ ဟန်းဆက်အတွင်း မှတ်ဉာဏ်ပမာဏ 4GB ပါဝင်ပြီး Micro SD Card နဲ့ 32GB အထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်ပါတယ်။ GSM 900/1800/1900 network စနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။ Bluetooth 4.0 နဲ့ ဝိုင်ဖိုင်စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။ ကင်မရာ စနစ်အနေနဲ့ နောက်ကင်မရာက 8 MP, 3264 x 2448 pixels, autofocus, LED flash ဖြစ်ပြီး ရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။ မြန်မာစာစနစ်လည်း ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်း ၁၈၀,၀၀၀ ကျပ် ဝန်းကျင်ဖြင့် MOBISTAR (မန္တလေး) ၈၃×၃၄ လမ်းထောင့် ဖုန်း ၀၉-၄၀၂၅၉၇၃၆၃ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။



ref: ကောင်းမြတ်ထွန်း

0 comments:

Post a Comment