Thursday, April 10, 2014

Huawei Ascend P7 ထွက်ရှိမည့် သတင်းမျာ တရုတ်ပြည်တွင် ပေါက်ကြား




Aung Ko Htet (MM IT Knowledge)

မိုဘိုင်း လောကမှာ  လူသိများတဲ့ Handset တစ်မျိုးဖြစ်တဲ့  Huawei ရဲ့ Ascend P7 ကို ထပ်မံထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံ ရဲ့ အသိမှတ်ပြုမိုဘိုင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Tenaa ကုမ္ပဏီကထုတ်ဖော်လိုက်တဲ့ Ascend P7 ရဲ့ ဓါတ်ပုံတွေကို ကြည့်ခြင်းအားဖြင့် Ascend P7 ကို မကြာခင်အချိန်မှာ ထွက်လာတော့မှာဖြစ်တယ်လို့ မိုဘိုင်းလောက ရဲ့ ဈေးကွက် ကျွမ်းကျင်သူတွေကို ထင်ကြေးပေးခဲ့ကြပါတယ်။

P7 ရဲ့ ထွက်ရှိမဲ့ သတင်းတွေကို မိုဘိုင်းပညာရှင်တွေအနေနဲ့ ခန့်မှန်းနိုင်ခဲ့ပေမဲ့ P7 ရဲ့ အချက်အလက်တွေကို တော့ အသေးစိတ်မသိခဲ့ကြပါဘူး။ ဒါပေမဲ့ ပညာရှင်တွေရဲ့ ခန့်မှန်းဖော်ပြချက်တွေ အရတော့ Huawei Ascend P7 ဟာ Screen resolution 1080 p နဲ့ Screen size အားဖြင့် 5 inch အသုံးပြုထားပြီး Processor အနေနဲ့ကတော့ quad-core 1.6 GHz HiSilicon processor ကို အသုံးပြုထားပါတယ်။ RAM ကတော့ 2GB အထိရှိပြီး internal memory အနေနဲ့ကတော့ 16 GB ဖြစ်ပါတယ်။ Camera ကတော့ အရှေ့ဘက် Camera ကို 13 MP အသုံးပြုထားပြီး အနောက်ဘက် ပိုင်း Cmaera ကိုတော့ 8 MP အသုံးပြုထားပါတယ်။ အများနဲ့မတူတဲ့ Huawei ရဲ့စွမ်းဆောင်ရည် ကတော့ Emotion UI နောက်ဆုံး version ကို အသုံးပြုထားတယ်လို့ ပညာရှင်တွေက ခန့်မှန်းပြီးဖော်ပြခဲ့ပါတယ်။

ဒီ Huawei Ascend P7 ကို တကမ္ဘာလုံးအတိုင်းအတာနဲ့ ထုတ်လုပ်မှာဖြစ်ပြီး May လ 7 ရက်နေ့လောက် တွင်  Paris မြို့မှာ  Paris မှာစတင်ထွက်ရှိလာမှာ ဖြစ်တယ်လို့လည်း ခန့်မှန်းသတင်းတွေ မှာ ဖော်ပြခဲ့ ကြပါ တယ်။



ref: Arena

Translate By Aung Ko Htet

0 comments:

Post a Comment