Monday, April 7, 2014
Microsoft က ကားများတွင် အသုံးပြုနိုင်မယ့် ၀င်းဒိုး စနစ် ကို ပြသ
Aung Ko Htet (MM IT Knowledge)
Microsoft က ကားတွင်း ဖျော်ဖြေမှု စနစ် ကို စမ်းသပ်တီထွင်နေတာ ကြာပြီဖြစ်ပါတယ်။ Ford, Kia, BMW, Nissan, Flat တို့ရဲ့ကားများမှာ အထူးပြုလုပ်ထားတဲ့ ၀င်းဒိုး ကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် Microsoft က သူ့ရဲ့ Metro User Interface ကို အနာဂတ် ကားများမှာ ထည့်သွင်းဖို့ တီထွင်နေပါတယ်။ Microsoft မှ Steve Teixeira က အနာဂတ်ကားများ မှာ အသုံးပြုနိုင်မယ့် ၀င်းဒိုး စနစ် ကို Build Developer Conference မှာ ပြသခဲ့ပါတယ်။ Microsoft က ဖုန်း မှ သတင်းအချက်အလက်တွေကို ကားမှာ ပြသပေးနိုင်တဲ့ Apple ရဲ့ CarPlay ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Microsoft က သူ့ရဲ့ စနစ် ကို ကားများ မှာ ထည့်သွင်းစမ်းသပ်နေပါတယ်။ Windows Device တွေက သတင်းအချက်အလက်တွေကို ကားမှာ တပ်ဆင်ထားတဲ့ ထိတွေ့မျက်နှာပြင် မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်း နဲ့ ကား ကို ချိတ်ဆက်ဖို့ Mirrorlink ကို အသုံးပြုထားပြီး Apple ရဲ့ CarPlay စနစ် နဲ့ တူညီမှု မရှိပါဘူး။ Mirrorlink ကို Nokia ရဲ့ Symbian Phone များနဲ့ Sony ရဲ့ Xperia Z Phone များမှာ အသုံးပြုကြပါတယ်။ Volkswagen, Honda, Toyota, Citroen တို့က Mirrorlink ကို အထောက်အပံ့ ပေးတဲ့ ကားများ ကို တီထွင်နေကြပါတယ်။ ကားရေဒီယို ထုတ်လုပ်သူ Alpine နဲ့ Pioneer တို့ကလည်း အဆိုပါ စနစ် ကို ထောက်ပံ့ပေးဖို့ ပြုလုပ်နေကြပါတယ်။
Windows in the car သဘောတရား ဟာ ၀င်းဒိုးဖုန်းတွေရဲ့ စွမ်းဆောင်ချက် ကို တိုးမြှင့်ပေးမှာ ဖြစ်ပြီး ကားရဲ့ Display မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Teixeira က ကားများအတွက် App များကို Developer များ က ဘယ်လို ပြုလုပ်ပေးနိုင်သလဲဆိုတာ ကို ပြသခဲ့ပါတယ်။ ကားမှာ တပ်ဆင်ထားတဲ့ ၀င်းဒိုးစနစ် ဟာ Windows 8 ရဲ့ အသေးစား ဗားရှင်း ပုံစံဖြစ်ပါတယ်။ Tiles နဲ့ Main Interface ကြားမှာ ပွတ်ဆွဲပြီး ပြောင်းရွှေ့နိုင်သလို Radio, Maps, Apps စတဲ့ ကဏ္ဍများလည်းပါရှိပါတယ်။
ဝင်းဒိုးစနစ် ထည့်သွင်းထားတဲ့ကားများ ကို ဘယ်အချိန်မှာ အသုံးပြုနိုင်မလဲဆိုတာ ကိုတော့ ကြေညာခြင်း မရှိသေးပါဘူး။
သူရ
0 comments:
Post a Comment