Aung Ko Htet (MM IT Knowledge)
ကွန်ပြူတာတွေ ရဲ့ အရွယ်အစား ဟာ တစ်ဖြည်းဖြည်း သေးငယ်လာပေမယ့် Printer
တွေရဲ့ အရွယ်အစား ဟာ ကြီးမားဆဲဖြစ်ပါတယ်။ စာရွက်တစ်ရွက် ကို
ထည့်သွင်းနိုင်လောက်တဲ့အရွယ်အစား ရှိရမှာဖြစ်တဲ့အတွက် Printer တွေရဲ့
အရွယ်အစား ဟာ ကြီးမားနေတာဖြစ်ပါတယ်။ အဲဒီ အတွေးအခေါ် ကို တော်လှန်မယ့်
အိတ်ဆောင် Printer ပေါ်ထွက်လာပါပြီ။
Jerusalem College of Technology မှ ကျောင်းသားများ က အလွန်သေးငယ်တဲ့
အိတ်ဆောင် Printer ကို တီထွင်လိုက်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံ က အခြား
Printer တွေနဲ့ မတူပါဘူး။ အိတ်ဆောင် Printer ကို စာရွက်ပေါ်မှာ တင်ပေးရမှာ
ဖြစ်ပါတယ်။ Printer က အလိုအလျှောက်ရွေ့လျားပြီး စာရွက်ပေါ်မှာ Print
လုပ်ပေးမှာ ဖြစ်ပါတယ်။ ကွန်ပြူတာ ၊ မိုဘိုင်းဖုန်း ၊ တက်ဘလက် စတဲ့ မည်သည့်
Device ကနေ မဆို Print ထုတ်နိုင်ပါတယ်။ မည်သည့် အရွယ်အစား ရှိတဲ့
စာရွက်ပေါ်မှာ မဆို Print ပြုလုပ်နိုင်ပါတယ်။ Pocket Printer ကို
ရောင်းချဖို့ ရန်ပုံငွေ ကို Kickstarter ၀က်ဆိုက်မှာ ကောက်ခံနေပါတယ်။ ဒေါ်လာ
လေးသိန်း ရရှိဖို့ ရည်ရွယ်ထားပါတယ်။
Pocket Printer မှာ စာရွက်တစ်ထောင် ကို Print ထုတ်ပေးနိုင်တဲ့ မှင်ချောင်းပါရှိပါတယ်။ Lithium Polymer Battery ပါရှိပြီး USB Cable ကနေ အားသွင်းနိုင်ပါတယ်။ အားသွင်းထားရင် တစ်နာရီ အသုံးပြုနိုင်ပါတယ်။ Device နဲ့ Printer ကို Bluetooth ဆက်သွယ်မှု ကနေ ချိတ်ဆက်နိုင်ပါတယ်။
Pocket Printer ရဲ့ အလုပ်လုပ်ပုံ ကို အောက်က လင့် မှာ ကြည့်နိုင်ပါတယ်။
https://d2pq0u4uni88oo.cloudfront.net/projects/917027/video-371249-h264_high.mp4
ref: သူရ

0 comments:
Post a Comment