Wednesday, April 9, 2014

Samsung က Galaxy Ace Style ကို ကြေညာ



Aung Ko Htet (MM IT Knowledge)

Samsung က Galaxy Ace Style ကို တရားဝင်ကြေညာလိုက်ပါတယ်။ စွမ်းဆောင်ရည် အလယ်အလတ်ရှိပြီး Android KitKat ကို အသုံးပြုထားပါတယ်။ Galaxy Ace Style ဟာ Samsung ထုတ်လုပ်လေ့ရှိတဲ့ စမတ်ဖုန်း ဒီဇိုင်း အတိုင်းပဲ ထွက်ရှိလာတာဖြစ်ပါတယ်။ Galaxy Ace Style ကို တန်ဖိုးနည်းအောင် ပြုလုပ်ပေးထားပါတယ်။

Galaxy Ace Style မှာ လေးလက်မအရွယ် မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 1.2GHz Dual-Core Processor , 4GB Internal Storage ပါရှိပါတယ်။ Android KitKat ကို TouchWiz နဲ့ တွဲဖက် အသုံးပြုထားပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည် အလယ်အလတ် ဖုန်းများမှာ Android KitKat ကို အသုံးပြုထားခြင်း မရှိပေမယ့် Galaxy Ace Style မှာ KitKat ကို အသုံးပြုထားပါတယ်။

အနောက်ဘက်မှာ 5 Megapixel Camera နဲ့ အရှေ့ဘက်မှာ VGA Camera တပ်ဆင်ထားပါတယ်။ MicroSD Card Slot ပါရှိပါတယ်။ Samsung က ရောင်းချမယ့် ဈေးနှုန်း ကို ကြေညာခြင်းမရှိသေးပါဘူး။ ဒေါ်လာ ၂၇၅ ကနေ ၄၁၀ ကြားမှာ ရောင်းချမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ တန်ဖိုးနည်း Handset ကိုင်ချင်သူတွေအတွက် ရည်ရွယ်ထားတယ်လို့ Samsung က ပြောပါတယ်။

Galaxy Ace Style ကို တစ်ကမ္ဘာလုံး ကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဧပြီလထဲမှာ ရောင်းချပေးမှာ ဖြစ်ပြီး အဖြူရောင် နဲ့ အညိုရောင် ထုတ်လုပ်ပေးထားပါတယ်။

ref: သူရ

0 comments:

Post a Comment