Thursday, April 3, 2014

Samsung Galaxy S5 Mini လာမည်



Aung Ko Htet (MM IT Knowledge)
 
Samsung က Galaxy S4 မှာလိုပဲ Galaxy S5 အတွက် Mini နဲ့ Zoom Version များကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ Active Version ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေပေမယ့် မသေချာသေးပါဘူး။

ထွက်ပေါ်နေတဲ့သတင်းများအရ Galaxy S5 Mini မှာ ၄.၅ လက်မအရွယ် 720p Super AMOLED Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Quad-Core CPU တပ်ဆင်ထားတဲ့ Snapdragon 400 Chipset ကို အသုံးပြုမှာ ဖြစ်ပါတယ်။

အခြား သတင်းများအရ Galaxy S5 Mini မှာ 1.5GB RAM , 16GB Storage အပြင် MicroSD Card အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အနောက်ဘက်မှာ 8MP Camera နဲ့ အရှေ့ဘက်မှာ 2MP Camera တပ်ဆင်ထားပါတယ်။ IR Blaster နဲ့ 2100mAh Battery ပါရှိပါတယ်။ Android 4.4 KitKat ကို TouchWiz နဲ့ တွဲဖက်မောင်းနှင်မှာ ဖြစ်ပါတယ်။

Galaxy S5 Mini ဟာ ရေ နဲ့ ဖုန်မှုန့် ဒဏ် ခံနိုင်မလား ဆိုတာ ကို မသိရသေးပါဘူး။ နှလုံးခုန်နှုန်း ကို တိုင်းတာပေးနိုင်တဲ့ Sensor ပါမလားဆိုတာလည်း မသိရသေးပါဘူး။ Samsung က ရေ နဲ့ ဖုန်မှုန့် ဒဏ်ခံနိုင်တဲ့ စွမ်းဆောင်ချက် ကို ထည့်သွင်းပေးမယ်လို့ ကျွမ်းကျင်သူတွေ က သုံးသပ်ပါတယ်။


ref: Myanmar Digital Life

0 comments:

Post a Comment