Wednesday, May 7, 2014

Apple နှင့် Samsung တို့က၎င်းတို့၏ Fingerprint နည်းပညာကို တက်ဘလက်တွေမှာထည့်သွင်းလုပ်ဆောင်သွားဖွယ်ရှိ

Aung Ko Htet (MM IT Knowledge)

နာမည်ကြီးဖုန်းကုမ္ပဏီနှစ်ခုဖြစ်သည့် Apple နှင့် Samsung တို့က၎င်းတို့၏ လူကြိုက်များတဲ့နည်းပညာ တစ်ခုဖြစ်သည့် Fingerprint (လက်ဗွေရာစနစ်) နည်းပညာကိုဖုန်းတွေတင်မကပဲတက်ဘလက်တွေ ထဲမှာတောင်ထည့်သွင်း လုပ်ဆောင်သွားမည့်အစီအစဉ် ရှိနေကြောင်းသိရသည်။

ယင်းစနစ်ကို Samsung ကစတင်လုပ်ဆောင်ဖို့စီစဉ်လျက်ရှိပြီး၎င်း၏ တက်ဘလက်တစ်လုံး ဖြစ်သည့် Galaxy Tab S တွင်ပါရှိလာဖွယ်ရှိ သည်ဟုသိရသည်။

PayPal ၊ Moblie Payments နှင့်အခြားသောစနစ်များတွင် Fingerpint စနစ်ဖြင့် Lock ချထားနိုင်အောင် တက် ဘလက်အတွက်လုပ်ဆောင်သွားမည် ဟုမျှော်လင့်လျက်ရှိသည်။

ယင်းကဲ့သို့ Samsung ကတက်ဘလက်မှာ Fingerprint စနစ်ထည့်သွင်း ရန်လုပ်ဆောင်နေစဉ်မှာပင်၎င်း ၏ပြိုင်ဘက်ဖြစ်သော Apple ကလည်း Apple iPad တွင်အဆိုပါစနစ်ကိုထည့်သွင်း သွားမည်ဟုပြော ဆိုလိုက်သည်။

ယင်းစနစ်ကို Apple ရဲ့နောက်ပိုင်းထွက်တက်ဘလက်တွေမှာရရှိ မှာဖြစ်ကြောင်းသိရပြီး ယင်းသတင်းကြောင့်Apple နှင့် Samsungတို့၏ တိုက်ပွဲဟာစမတ်ဖုန်းတွင်မ ကပဲတက်ဘလက် အထိပါပါဝင်လာတော့မည့် အခြေအနေမှာရှိသည်ဟုသိရသည်။

တက်ဘလက်ဈေးကွက်၏ ၃၂.၆ရာခိုင်နှုန်းကို Apple ကပိုင်ဆိုင်ထားပြီး Samsung ကတော့ယခင် ၂၂.၃ရာခိုင်နှုန်းကနေ ၃၂ရာခိုင်နှုန်းအထိမြင့် တက်လာလျက်ရှိသည်။

လက်ရှိမှာ Apple ရဲ့တက်ဘလက်ဈေးကွက်ကအရင်ထက်အနည်းငယ် ကျဆင်းလာတဲ့အတွက်အနာ ဂတ်မှာ Samsung ကတက်ဘလက်ဈေး ကွက်ကိုလက်ဝါးကြီးအုပ်သွားနိုင်မည်ပုံ စံကိုတွေ့မြင်နေ ရကြောင်း သိရသည်။

သေချာမှုတစ်ခုအနေနဲ့လာမည့်ဇွန်လနှင့်စက်တင်ဘာလတွင် Apple နှင့် Samsung တို့၏ Fingerprint စနစ်ပါရှိတဲ့တက်ဘလက်တွေထွက်ရှိ လာတော့မည်ဖြစ်ကြောင်းခန့်မှန်းထားကြသည်။

Ref : Zdnet

Wai Phyo Aung (TSJ Team)

0 comments:

Post a Comment