Thursday, May 15, 2014

ပြည်ပခရီးသွားအတွေ့အကြုံသစ်ကို ခံစားရစေမည့် AYA World Travel Card (Visa Prepaid Card)



Aung Ko Htet (MM IT Knowledge)


ဧရာဝတီဘဏ်နှင့် နိုင်ငံတကာ ငွေပေးချေမှုစနစ် Visa ကုမ္ပဏီတို့ ပူးပေါင်း၍ AYA World Travel Card (Visa Prepaid Card) များကို ပြည်ပသို့ သွားရောက်မည့် ပြည်တွင်းမှ ကုမ္ပဏီအဖွဲ့အ စည်း များနှင့် မြန်မာနိုင်ငံ သား များအတွက် ကဒ်ဝန်ဆောင်မှုများပေးနေပြီဖြစ်သည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီများနှင့် မြန်မာပြည်သူများ၏ ကမ္ဘာ့ဈေးကွက်ဆက်ဆံရေး လိုအပ်ချက်များတွင် လွန်စွာအထောက် အကူ ဖြစ်စေသည့် အတွက် မြန်မာပြည်၏ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၏ မှတ်တိုင်တစ်ခုလည်း ဖြစ်သည်။

AYA World Travel Card (Visa Prepaid Card) ကိုင်ဆောင်သူများအနေဖြင့် ခရီးသွား အတွေ့အကြုံအသစ်ကို ခံစားနိုင်မည်ဖြစ်သည်။ ဧရာဝတီဘဏ်အနေဖြင့် ကဒ်များကို ကုမ္ပဏီသုံးကဒ်နှင့် တစ်ဦးချင်းကဒ်ဟူ၍ နှစ်မျိုးခွဲကာ ထုတ်ပေးသွားမည်ဖြစ်ပြီး ကဒ်ထဲသို့ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုဒေါ်လာ စသည်ဖြင့် ငွေကြေးအမျိုးအစား သုံးမျိုးအထိ ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ AYA World Travel Card (Visa Prepaid Card) ကို အသုံးပြု၍ ပြည်ပနိုင်ငံပေါင်း ၂၁၀ ကျော်ရှိ ATM ငွေထုတ်စက်များတွင် ငွေသားထုတ်ယူနိုင်ပြီး ဗီဇာကဒ်များကို လက်ခံအသုံးပြုနိုင်သော Online Website များ၊ Shopping စင်တာများ၊ ဘဏ်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ် အခန်းငှါးရမ်းခြင်းများ အပါအဝင် နေရာအများစုတွင် ကဒ်ဖြင့် အလွယ်တကူ ငွေပေးချေနိုင်ပြီဖြစ်သည်။ ထို့အပြင် အဆင့်မြင့် နည်းပညာ Visa PayWave ဖြင့် အလွယ်တကူ Contactless ငွေပေးချေမူများကို ပြုလုပ်နိုင်မည်ဖြစ်သည်။
AYA World Travel Card (Visa Prepaid Card) နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက -
Card Services Hotline (Office Hour)
+95 1 531073
+95 9 91049203
(24/7 Hotline)
+95 9 91049203 သို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ref: Ayeyarwady Bank

0 comments:

Post a Comment