Tuesday, May 13, 2014
စမတ်လက်ပတ်နာရီဈေးကွက်ထဲ ၀င်ရောက်လာမယ့် မိုက်ကရိုဆော့ဖ်
Aung Ko Htet (MM IT Knowledge)
မကြာသေးခင်က စမတ်လက်ပတ်နာရီနဲ့ပတ်သက်တဲ့ နည်းပညာမူပိုင်ခွင့်မှတ်ပုံတင်တစ်ခုကို မိုက်ကရိုဆော့ဖ်မှတရားဝင် ရရှိခဲ့ပါတယ်။ ၂၀၁၂ အောက်တိုဘာ ထဲက လျှောက် ထားတာဖြစ်တဲ့ဒီမူပိုင်ခွင့်ဟာကာယလေ့ကျင့်ခန်းအကူအညီဂတ်ဂျက်အဖြစ် ပါဝင်တာကြောင့် စက်ပစ္စည်းသစ်မှာသွေးခုန်နှုန်းဖတ်ဆင်ဆာ ပါဝင်မယ်လို့ယူဆရတယ်။
ယခင်နိုကီယာအကြီးအကဲဖြစ်သူ Stephen Elop မှဦးစီးထုတ်လုပ်မှာဖြစ်ကာ Surface tablet ထုတ်လုပ်မှုအသင်းမှ တာဝန်ယူ ပြုလုပ်မှာပါ။ မိုက်ကရိုဆော့ဟာ အနီးကပ်ပြိုင်ဘက်များကဲ့သို့ စမတ်လက်ပတ်နာရီဈေးကွက်သစ်ကို ၀င်ရောက်ဖို့ကြိုးစားလာတာ ဖြစ်ကာ ပြိုင်ဘက်ဆမ်ဆောင်းဟာ Galaxy Gear smartwatch ကိုလွန်ခဲ့တဲ့နှစ်ကစတင်ရောင်းချခဲ့တယ်။ Google ကလဲအမေရိကန် ဈေးကွက်မှာ Moto360 smartwatch တွေဖြန့်ချိဖို့စီစဉ်နေပြီး အခြား android ပါဝါသုံးစမတ်နာရီတွေလဲ ထွက်လာဦးမှာပါ။ Apple ကုမ္ပဏီကတော့ ကိုယ်ပိုင် OS နဲ့စမတ်နာရီပြုလုပ်နေကြောင်း သတင်းထွက်ရှိတာကြာပါပြီ။
နည်းပညာကုမ္ပဏီတစ်ချို့ကတော့ နည်းပညာမြင့်နာရီဈေးကွက်မှာဝင်ရောက်နှင့်ပြီးဖြစ်ကာ Pebble ဟာလွန်ခဲ့တဲ့နှစ်က စမတ်နာရီ လေးသိန်းကျော်ရောင်းချခဲ့ရတယ်လို့ဆိုပါတယ်။ မိုက်ကရိုဆော့ဖ်အနေနဲ့ ဈေးကွက်သစ်ထဲဝင်ရောက်လာဖို့အတည်မပြုရသေးပေမယ့် နည်းပညာအဖွဲ့အစည်းတွေကတော့ဈေးကွက်ထဲမှာ ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်လာဖို့မျှော်လင့်နေတယ်လို့သိရတယ်။
မိုက်ကရိုဆော့ဖ်ဟာစမတ်နာရီပရောဂျက်ကို ၂၀၀၄ခုနှစ်ထဲကစမ်းသပ်ခဲ့ပြီးဖြစ်ကာ မက်ဆေ့ပေးပို့နိုင်ခြင်း အစရှိအသုံးပြုနိုင်တဲ့ SPOT အမည်ရစက်ပစ္စည်းတစ်ခုကိုပြုလုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လွန်ခဲ့တဲ့လေးနှစ်က ရုပ်သိမ်းခဲ့တဲ့ ဒီပရောဂျက်ကိုအခုပြန်အသက်သွင်းမှာဖြစ်ပြီး မိုက်ကရိုဆော့ဖ်ရဲ့ စမတ်နာရီဟာ ဖြုတ်တပ်လို့ရတဲ့ အနီ၊အနက်၊အ၀ါ သို့မဟုတ် အပြာရောင်လက်ပတ်ကြိုးပါဝင်လာမယ်လို့ ခန့်မှန်းကြပါတယ်။ OS ကိုတော့ windows 8 ဗားရှင်းအသစ်တစ်ခုခုအသုံးပြုထားနိုင်ပါတယ်။
ယခုရက်သတ္တပတ်အတွင်း Appleဟာ၎င်းတို့ရဲ့ iWatch ဒီဇိုင်းအတွက် ပြင်ပအဖွဲ့ကိုဌားရမ်းခဲ့တယ်လို့ သတင်းထွက်ရှိလာခဲ့တယ်။ Pebble ရဲ့စမတ်နာရီဟာ ၀တ်ဆင်သူကိုမိုဘိုင်းဖုန်းနဲ့ချိတ်ဆက်ပြီး ဖုန်းအ၀င်၊ အီးမေးလ်နဲ့ တွစ်တာ noti များကိုတုန်ခါအသိပေးပါတယ်။ ဒါ့ပြင် အိန္ဒိယမှကျောင်းသားအချို့နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဟာ android အသုံးပြု Andoirdly အမည်ရလက်ပတ်နာရီကို စတင်ရောင်းချနေပါပြီ။ ကျွမ်းကျင်သူ များကတော့ စမတ်နာရီဈေးကွက်ဟာသုံးနှစ်အတွင်း စတာလင်ပေါင် ၇ဘီလီယံတန်ဖိုးအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းကြပါတယ်။
REF : Dailymail
ကြည်သာမောင်(TSJ Team)
0 comments:
Post a Comment