Sunday, May 4, 2014

ကလေးများ အတွက် ပထမဆုံး ကိုယ်လက်လှုပ်ရှားမှု တိုင်းတာသည့် စမတ်လက်ပတ်



Aung Ko Htet (MM IT Knowledge)



ကလေးအရုပ်များ ထုတ်လုပ်သည့် LeapFrog က LeapBand ဟု အမည်ရသည့် ကလေးများ အတွက် ပထမဆုံး ကိုယ်လက်လှုပ်ရှားမှု တိုင်းတာသည့် စမတ်လက်ပတ် ကို တီထွင်ပါသည်။ စမတ်လက်ပတ် က ကလေး ၏ ကိုယ်လက်လှုပ်ရှားမှု ကို စောင့်ကြည့်မည် ဖြစ်ပြီး ကလေး က ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီးလျှင် ဂိမ်းကစားခွင့်ရခြင်း ၊ အကောင်လေးများ နှင့် ဆော့ကစားခွင့်ရခြင်း စသည့် ဆုလာဘ်များ ကို ရရှိမည် ဖြစ်သည်။

LeapBand ကို သြဂုတ်လ တွင် (၃၉) ဒေါ်လာ ဖြင့် ရောင်းချမည် ဖြစ်သည်။ စမတ်လက်ပတ် ကို အသက် လေးနှစ် မှ ခုနစ်နှစ် အရွယ်များ အတွက် ရည်ရွယ်ထားပါသည်။ Accelerometer နှင့် ပြန်လည်အားဖြည့်နိုင်သည့် ဘက်ထရီ ပါရှိပါသည်။ 128x128 Resolution Screen တပ်ဆင်ထားပါသည်။ ပန်းရောင် ၊ အပြာရောင် နှင့် အစိမ်းရောင် ထုတ်လုပ်ပေးထားပါသည်။ ပလတ်စတစ် ဖြင့် ပြလုပ်ထားပါသည်။

LeapFrog သည် ကလေးများ အတွက် LeapPad အမျိုးအစား တက်ဘလက်များ ကို ရောင်းချပေးနေခြင်းကြောင့် လူသိများပါသည်။ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ ဈေးကွက်ထဲသို့ ၀င်ရောက်လာသည့် ပထမဆုံး အရုပ် ရောင်းချသည့် Company ဖြစ်ပါသည်။ VTech က ယခုနှစ် အစောပိုင်းတွင် ကလေးများ အတွက် ကမ္ဘာ့ပထမဆုံး စမတ်နာရီ ဖြစ်သည့် KidiZoom ကို ကြေညာခဲ့ပါသည်။ သို့သော် KidiZoom သည် အခြား လူကြီးဝတ် စမတ်နာရီများ ကဲ့သို့ အင်တာနက် ချိတ်ဆက်နိုင်ခြင်း မရှိသည့် အတွက် စမတ်နာရီ မဟုတ် ဟု ကျွမ်းကျင်သူများ က သုံးသပ်ပါသည်။ KidiZoom တွင် ၁.၄ လက်မထိတွေ့မျက်နှာပြင်တပ်ဆင်ထားပြီး ဓါတ်ပုံ နှင့် ဗီဒီယို ရိုက်ခြင်း ၊ ဂိမ်းကစားခြင်းများ ပြုလုပ်နိုင်ပါသည်။ စမတ်နာရီ ကို ဆောင်းရာသီ မတိုင်မီ ရောင်းချမည် ဖြစ်သည်။

သူရ

0 comments:

Post a Comment