Tuesday, May 6, 2014
ညနေပိုင်း သင်တန်း တက်ရောက်လိုသူများ အတွက် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် လျှောက်လွှာ ခေါ်ယူမည်
Aung Ko Htet (MM IT Knowledge)
ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု ဌာနက ဖွင့်လှစ်သော ညနေပိုင်း နိုင်ငံခြား ဘာသာစကား သင်တန်းများ အတွက် လျှောက်လွှာများကို မေလ ၆ ရက်မှ ၉ ရက် အထိ လျှောက်ထားနိုင်ပြီး မေလ ၁၂ ရက်တွင် စတင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
တက်ရောက်လိုသူများ အနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများ တက်ရောက်နိုင်မည်ဖြစ်ပြီး လျှောက်ထားရန် အတွက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်လက်မှတ် (သို့) အမှတ်စာရင်း (သို့) ဘွဲ့လက်မှတ် မူရင်းနှင့် မိတ္တူ၊ ဓာတ်ပုံ သုံးပုံတို့ဖြင့် သင်တန်း တက်ရောက်မည့်သူ ကိုယ်တိုင် လျှောက်ထားရမည် ဖြစ်သည်။ တက်ရောက်ရမည့် ရက်များမှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ တို့ဖြစ်ပြီး ညနေ ၅ နာရီ ၂၀ မိနစ် မှ ၇ နာရီ အထိ တက်ရောက်ရမည် ဖြစ်သည်။
တက်ရောက်နိုင်မည့် နိုင်ငံခြား ဘာသာစကား သင်တန်းများမှာ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ (ဘာသာပြန်၊ စကားပြန်)၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းနှင့် မြန်မာ (နိုင်ငံခြားသားများ အတွက် သီးသန့် ညနေ သင်တန်း) များဖြစ်သည်။ တက်ရောက် လိုသူများ အနေဖြင့် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ကျောင်းသားရေးရာ ဌာန ဖုန်း-၅၁၄၃၇၂ လိုင်းခွဲ ၈၀၉ သို့ ဆက်သွယ် စုံစမ်းနိုင်သည်။
ref: အေးဖြူ
0 comments:
Post a Comment