Monday, May 5, 2014

သုံးစွဲသူနစ်နာမှုမရှိအောင် ဝန်ကြီးဌာနမှ ကာကွယ်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းပြော



Aung Ko Htet (MM IT Knowledge)


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် အသုံးပြုသူများ နစ်နာမှုမရှိစေရန် အဓိကအနေဖြင့် ကာကွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောသည်။



ဆက်သွယ်ရေးဥပဒေ ထွက်ရှိလာသည့်နောက်ပိုင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် အပိုင်းသုံးပိုင်းခွဲခြား၍ လုပ်ကိုင်ဆောင်ရွက်သွားတော့မည်ဟု  တရားဝင်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။



အပိုင်းသုံးပိုင်းအရ ဝန်ကြီးဌာနသည် မူဝါဒချမှတ်သည့်အပိုင်းကိုသာ လုပ်ဆောင်သွားမည်ဖြစ်ပြီး သုံးစွဲသူများ နစ်နာမှုမရှိစေရန် အဓိကကာကွယ်ပေးသွားမည်ဟု ဦးမြတ်ဟိန်းက ပြောဆိုခဲ့သည်။ ဒုတိယအပိုင်းသည် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနဖြစ်ပြီး စည်းမျဉ်းဥပဒေများနှင့် နည်းဥပဒေများကို ရေးဆွဲ၍ လိုက်နာကျင့်သုံးမှုရှိမရှိကို စစ်ဆေးဆောင်ရွက်သွားမည်ဟု သိရသည်။



တတိယအပိုင်းသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဖြစ်ပြီး အများပြည်သူကို တိုက်ရိုက်ဝန်ဆောင်မှုများ ပေးအပ်သွားမည်ဟု ဦးမြတ်ဟိန်းက ဆိုသည်။  အပိုင်းသုံးပိုင်း၌ ဝန်ဆောင်မှုပေးအပ်မည့် မြန်မာဆက်သွယ်ရေး လုပ်ငန်းသည် လက်ရှိအချိန်အထိ ပူးပေါင်းဆောင်ရွက်မည့် ပါတနာကို ရွေးချယ်နိုင်ခြင်းမရှိသေးကြောင်း အထက်ပါ ဝန်ကြီးဌာနမှ သိရသည်။



“MPT အတွက်ကတော့ အခုအချိန်ကျမှ တင်ဒါခေါ်နေရင်လည်း မမှီတော့ဘူး။ အော်ပရေတာတွေ ရွေးတုန်းက ကျန်ခဲ့တဲ့ပြင်သစ်က Orange၊ ဂျပန်က KDDI၊ စင်ကာပူက SingTel အဖွဲ့သုံးဖွဲ့ထဲကပဲ ပြန်ရွေးနေတယ်။ ဒါကိုရွေးဖို့ အကြံပေးအဖွဲ့တွေလည်း ရှိတယ်။ ကိုက်ညီတဲ့လူကို ရွေးသွားမှာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ဆိုသည်။



အသုံးပြုသူ နစ်နာမှုမရှိစေရန် ကာကွယ်ပေးရမည်မှာ ၎င်းတို့ဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သည်ဟု ပြောဆိုခဲ့သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းသည် မြန်မာနိုင်ငံ၏ တယ်လီကွန်းသိပ်သည်းဆမှာ ဒေသတွင်းနိုင်ငံများ၌ အနည်းဆုံးဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းလိုင်းများသည် GSM, CDMA စသည်ဖြင့် လိုင်းအမျိုးအစား များပြားစွာ ကွဲပြားနေသည်ဟုလည်း ပြောဆိုခဲ့သည်။



ref: မြင့်ကျော်လှိုင်

0 comments:

Post a Comment