Thursday, May 15, 2014
ပင်ပန်းနေရင် သတိပေးမဲ့ စမတ် မျက်မှန်
Aung Ko Htet (MM IT Knowledge)
" စိတ်သာရှင်စော ဘုရားဟော " ဆိုတဲ့အတိုင်း စိတ်ဆောင်ပါမူ ကိုယ်က ပင်ပန်းနေပေမဲ့လည်း ဖြစ်နိင်ရောက်နိင် လုပ်နိင်တာကို ကျတော်တို့
မိတ်ဆွေများ ကြုံဖူး တွေ့ဖူး သိပါလိမ့်မယ်။ စိတ်ရှိတဲ့အခါ ဘယ်အရာကိုမဆို လုပ်လိုက် ဖြစ်လိုက်နိင်ပေမဲ့ တကယ်တမ်း စိတ်ဓာတ်လျော့သွားတဲ့အခါ
စိတ်ဓာတ်ကျနေတဲ့အခါ "စိတ်ထောင် ကိုယ်ကျေ " ကိုယ် အားတင်းလုပ်ဆောင်ခဲ့စဖြင့် ကိုယ်ရဲ့ ခန္ဓာကို ပြန်ထိပါတယ်။ ဒါဟာ ကိုယ်ခန္ဓာကို ကိုယ်ပြန်ညဉ်းဆဲနေသလိုပါ။
" အသက်ကိုဥာဏ်စောင့် " စကားအတိုင်း ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ပြည့်စုံစွာ ဖြတ်သန်းနိင်ဖို့ရာ နားချိန်နား၊ စားချိန်စား၊ အလုပ်ချိန် အလုပ် လုပ်ရပါလိမ့်မယ်။ အခု အပေါ်က မျက်မှန်အမျိုးအစားက workaholic လို့ခေါ်တဲ့ အလုပ်စွဲနေတဲ့ ( အလုပ်မလုပ်ရရင် ) မနေနိင်တဲ့သူမိျုးတွေအတွက် ဖြစ်ပါလိမ့်မယ်။ ပြင်းထန်တဲ့ဆန္ဒတစ်ခုက ရှေ့ဆောင်နေတဲ့အခါ အအိပ်မေ့အစားမေ့၊ အနားယူဖို့မေ့နေတဲ့ သူမျိုးတွေအတွက်ပေါ့။ 2015 လောက်မှာ ရရှိမဲ့ စမတ်မျက်မှန်တစ်ခု ဖြစ်ပြီးမျက်လုံးအမြင်နဲ့ လှုပ်ရှားမူ အတွက် ဆင်ဆာ (sensor )တွေပါဝင်ပါတယ်။ အဲဒီ အာရုံခံမူတွေကနေတစ်ဆင့် မိတ်ဆွေဟာ ဘယ်အချိန်မှာ အနားယူဖို့လိုတာလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ ဖော်ပြပေးမဲ့ပုံစံကတော့ သူမှာပါရှိတဲ့ ဘလူးတုမ့်ကနေတစ်ဆင့် စမတ် app တွေကိုပို့ကာ သိရှိစေမှာပါ။
အပေါ်မှာ ဖော်ပြထားတဲ့ မျက်မှန်အပါအ၀င် အခြားပုံစံစတိုင် (၃) မျိုးကို ကုမ္ပဏီရဲ့ တည်ရှိရာဖြစ်တဲ့ ဂျပန်မှာ (ယန်း ၇သောင်းနဲ့ ယန်း ၁သိန်း) ဒေါ်လာ ၆၈၅နဲ့ ၉၇၉ ကြား ရရှိနိင်မှာ ဖြစ်ပါတယ်။
ref: Aung Heine ...
0 comments:
Post a Comment