Tuesday, May 13, 2014
Destiny ဂိမ်းသစ်အတွက် Activision မှ ဒေါ်လာသန်းငါးရာ သုံးစွဲမည်
Aung Ko Htet (MM IT Knowledge)
နာမည်ကျော်ဂိမ်းထုတ်လုပ်သူ Activision Blizzard ကုမ္ပဏီမှ ၄င်းတို့ရဲ့ထုတ်ကုန်သစ် Destiny ဂိမ်းအတွက် ထုတ်လုပ်မှု၊ အဆင့်မြင့်တင်ထိန်းသိမ်းမှုနဲ့ ကြော်ငြာဖို့အတွက်ဘတ်ဂျက်စရိတ် ဒေါ်လာ ငါးရာ မီလီယံ ( စတာလင်ပေါင် ၂၉၅ သန်း ) သတ်မှတ်ပေးလိုက်ပါတယ်။ ဒါ့ကြောင့် ဒီဂိမ်းအသစ်ဟာ ထုတ်လုပ်စရိတ် အမြင့်ဆုံးဂိမ်းတစ်ခုဖြစ်လာမှာပါ။
ထုတ်လုပ်မှုကျွမ်းကျင်သူတွေကတော့ လုံးဝအသစ်စက်စက်ဖြစ်တဲ့ Destiny ဂိမ်းဟာ ဆော့ကစားသူတွေ ကြားမှာ တကယ်ပဲ ပေါက်ပါ့မလားလို့မေးခွန်းထုတ်နေကြတယ်။ Sci-Fi အခြေခံဂိမ်းဟာ ယခုနှစ်ရဲ့ စက်တင်ဘာလ ၉ရက်နေ့မှာ စတင်ဖြန့်ချိဖို့ရည်ရွယ်ထားပါတယ်။
Destiny ကို Halo ဂိမ်းစီးရီးနဲ့ လူသိများတဲ့ Bungie စတူဒီယိုမှတာဝန်ယူပြုလုပ်မှာဖြစ်ပါတယ်။ ယခုမှ အနာဂတ်နှစ်ပေါင်း ၇၀၀ ကမ္ဘာပျက်ကာလအလွန်အချိန်မှာ တည်ဆောက်ထားပြီး ကစားသူတွေဟာ နောက်ဆုံး ကျန်ရှိတဲ့ လူသားမြို့တော်များကို ကာကွယ်ဖို့နဲ့ ကမ္ဘာကိုပြန်လည်လွှမ်းမိုးနိုင်ဖို့ တိုက်ခိုက်ရမှာဖြစ်တယ်။ Bungie မှ၎င်းဂိမ်းဟာMMO နဲ့Single-player shooting ဂိမ်းတွေရဲ့အရသာများ ပေါင်းစပ်ထည့်သွင်းထားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ယခုချိန်ထိတော့ ဒီဂိမ်းကို မျိုးဆက်သစ် console ဂိမ်းစက်များအတွက်သာထုတ်လုပ်ဖို့ ရည်ရွယ် ထားတယ်။
ထုတ်လုပ်သူ Activitsion ကတော့ ဒီဂိမ်းသစ်ကို ဆယ်စုနှစ်စာကြာရှည်ခံဖို့ မျှော်မှန်းထားပြီး ပြောင်းလဲမှု update ကြီးကြီးမားမားတွေလဲပြုလုပ်ဖို့အစီစဉ်ရှိပါတယ်။ Open World အမျိုးအစားဖြစ်ပြီး အခြားဂိမ်းစီးရီး တွေထက် ကစားသူတွေကိုကန့်သတ်မှုပိုနည်းမှာဖြစ်တာကြောင့် အစစ်အမှန်ဆန်ပြီးပိုမိုလွတ်လပ်မှဖြစ်တယ်။ Activision Blizzard မှာအခြားရည်ရွယ်ချက်လဲရှိပြီး အဲဒါကတော့ Destiny ဂိမ်းကိုပိုမိုရင်းနှီးခြင်းဖြင့် အခြားသော ၄င်းရဲ့ဂိမ်းစီးရီးအချို့မှာ စိတ်ဝင်စားမှုလျော့ကျလာခြင်းကို ထေမိစေဖို့ပါပဲ။ ၂၀၁၃ ခုနှစ်မှာ CoD: Ghosts ဂိမ်းရဲ့ ရောင်းအားဟာ ၂၀၁၂ထက်ကျဆင်းခဲ့သလို အလွန်အောင်မြင်တဲ့ World of Warcraft ဂိမ်းရဲ့လစဉ်ကြေးပေး ဆော့ကစားသူဦးရေဟာလဲ ပုံမှန်ထိုးကျလာခဲ့ပါတယ်။
Destiny ဂိမ်းဖြင့် လက်ရှိအကျော်ကြားဆုံးဂိမ်းတစ်ခုဖြစ်တဲ့ Grand Theft Auto ရဲ့အောင်မြင်မှုကို ကျော်လွန်နိုင်ဖို့ပစ်မှတ်ထားကြောင်းသိရှိရပြီးနောက်ဆုံးထွက်GTA V ဂိမ်းဟာကော်ပီ၃၂သန်းကျော်ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လဲ GTA ရဲ့ဆယ်စုနှစ်တစ်ခုကြာ သမိုင်းကြောင်းနဲ့ အမာခံပရိသတ်တွေကြောင့် ဒီလောက် ကြီးမားတဲ့အောင်မြင်မှုကို ရရှိနိုင်ခဲ့တာဖြစ်လို့ အသစ်စက်စက် Destiny အတွက်တူညီတဲ့ အောင်မြင်မှုရရှိဖို့ မသေချာသေးတာ အမှန်ပါပဲ။
REF : BBC News
ကြည်သာမောင်(TSJ Team)
0 comments:
Post a Comment