Tuesday, May 6, 2014

Huawei Ascend P6 နဲ့ ပုံစံ တူတဲ့ Huawei G6



Aung Ko Htet (MM IT Knowledge)



Huawei Ascend P6 နဲ့ ပုံစံတူထုတ်လုပ်လိုက်တဲ့ Huawei G6 ဟန်းဆက် မန်းဈေးကွက် ဝင်ရောက်လာပါတယ်။ GSM/WCDMA ကတ်စိုက် အမျိုးအစားဖြစ်ပြီး 2G,3G Network တွေမှာ ပြောဆိုဆက်သွယ် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ စကရင် အရွယ်အစား ၄.၅ လက်မရှိပြီး IPS LCD Capacitive Touchscreen အမျိုးအစား ဖြစ်ပါတယ်။ Internal memory 4GB ပါဝင်ပြီး Micro SD ဖြင့် 32GB ထပ်မံတိုးမြင့် အသုံးပြုနိုင်ပါတယ်။

RAM 1GB နှင့် CPU Quad Core 1.2GHz ကို ထည့်သွင်း အသုံးပြုထားပါတယ်။ ကင်မရာစနစ်အနေနဲ့ နောက်ကင်မရာက 8MP ရှိ ပြီး ရှေ့ကင်မရာက 5MP ရှိပါတယ်။ Android version 4.3 (Jellybean) ကို အသုံးပြုထားပါတယ်။  မြန်မာစာစနစ် Built In ပါဝင်လာတဲ့အတွက် မြန်မာစာစနစ် သုံးစွဲရအဆင်ပြေစေမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းမှာ ကျပ်နှစ်သိန်းကျော်ဖြစ်ပြီး Anycall Mobile (မန္တလေး) ဖုန်း ၀၂-၇၁၁၂၃ သို့ စုံစမ်းဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။



ref: ကောင်းမြတ်ထွန်း၊ မန္တလေး

0 comments:

Post a Comment