Thursday, May 8, 2014
LG က စမတ်အိမ်သုံး ပစ္စည်းများကို ရောင်းပြီ
Aung Ko Htet (MM IT Knowledge)
LG က စမတ်အိမ်သုံး ပစ္စည်းများ ကို စမတ်ဖုန်း မှ ထိန်းချုပ်နိုင်သော Home Chat ၀န်ဆောင်မှု ကို ပြီးခဲ့သည့် နှစ် က ကြေညာ ခဲ့ပါသည်။ ယခုမူ အဆိုပါ စမတ် အိမ်သုံး ပစ္စည်းများ ကို စတင်ရောင်းချပေးလိုက်ပြီ ဖြစ်ပါသည်။ ယခုအချိန်တွင် ကိုရီးယား နိုင်ငံတွင်သာ ရောင်း ချပေးနေခြင်း ဖြစ်ပါ သည်။ စမတ်အိမ် သုံး ပစ္စည်းများမှာ ကင်မရာ တပ်ဆင်ထားသည့် ရေခဲသေတ္တာ ၊ ပိုင်ရှင် နှင့် အပြန်အလှန် စာပို့ ဆက်သွယ်နိုင်သည့် အ၀တ်လျှော်စက် နှင့် NFC , WiFi တို့ အသုံးပြုနိုင် သည့် Microwave မီးဖို တို့ ဖြစ်ပါသည်။
ရေခဲသေတ္တာ မှ ကင်မရာ က အတွင်းရှိ ပစ္စည်းများ ကို ဓါတ်ပုံ ရိုက်ကူးပြီး ပိုင်ရှင် ဆီသို့ ပေးပို့နိုင်ပါသည်။ ထို့အတွက် ပိုင်ရှင် က ဈေးတွင် ရောက်ရှိနေသည့် အချိန် တွင် ရေခဲသေတ္တာထဲတွင် လိုအပ်သည့် ပစ္စည်းများ ကို သိရှိ ၀ယ်ယူနိုင်မည် ဖြစ်သည်။ အ၀တ်လျှော်စက် ကို ပိုင်ရှင် က အဝေးမှ ထိန်းချုပ်ခိုင်းစေနိုင်သည့် အတွက် ပိုင်ရှင် အိမ် မရောက်မီ အ၀တ်လျှော်ဖွပ် ပြီးစီးမည် ဖြစ်သည်။ Microwave မီးဖို က ချက်ပြုတ်ရမည့် ဟင်းအမျိုးအစားများ ကို အကြံပြုပေးနိုင်ပြီး ဟင်းတစ်မျိုးတွင် ထည့်သွင်းရမည့် ပါဝင်ပစ္စည်းများ ကို ပြောပြပေးနိုင်ပါသည်။
စမတ်ဖုန်း တွင် Line Messenger မှ ထိန်းချုပ်ရမည် ဖြစ်သည်။ Line သည် အသုံးပြုသူ သန်းလေးရာ ရှိသည့် နာမည်ကြီး App ဖြစ်ပါသည်။ LG က Home Chat ၀န်ဆောင်မှု သည် စမတ် ပစ္စည်းများ နှင့် ပိုင်ရှင်ကြားတွင် သူငယ်ချင်း နှင့် စကားပြောဆိုနေသကဲ့သို့ ဖြစ်သည် ဟု ပြောပါသည်။
Chat ၀န်ဆောင်မှု တွင် အိမ်သုံးပစ္စည်း တစ်ခုချင်းစီ အတွက် အသုံးများသည့် စွမ်းဆောင်ချက် ကို လျှင်မြန်စွာ အသုံးပြုနိုင်မည့် Quick Button ပါရှိပါသည်။ အိမ်သုံး ပစ္စည်းများ ကို ထိန်းချုပ်နိုင်သည့် Mode သုံးမျိုးပါရှိပြီး Vacation, Away , Home တို့ ဖြစ်ပါသည်။ Home Chat ၀န်ဆောင်မှုတွင် Line Sticker လေးဆယ် ကို အသုံးပြုပြီး အိမ်သုံးပစ္စည်းများ နှင့် ဆက်သွယ်နိုင်သည် ဟုသိရပါသည်။
LG က စမတ် အိမ်သုံးပစ္စည်းများ ကို အမေရိကန် အပါအ၀င် အခြား နိုင်ငံများ တွင် ရောင်းချရန် စီစဉ် နေသည် ဟု ပြောပါသည်။ ရောင်းချမည့် အချိန် ကို LG က ကြေညာခြင်း မရှိသေးပါ။
LG ၏ စမတ်အိမ်သုံး ပစ္စည်းများ နှင့် ပိုင်ရှင်တို့ အပြန်အလှန် ဆက်သွယ် စာပို့ကြပုံ ကို အောက်ပါ ဗီဒီယို တွင် ကြည့်နိုင်ပါသည်။
https://www.youtube.com/watch?v=PplAymrv0hA
ref: သူရ
0 comments:
Post a Comment