Wednesday, May 14, 2014
Microsoft က Kinect မပါရှိသည့် Xbox One ကို ဒေါ်လာ လေးရာ ဖြင့် ရောင်းမည်
Aung Ko Htet (MM IT Knowledge)
Microsoft က Kinect မပါရှိသည့် Xbox One ကို ဇွန်လ ကိုးရက်နေ့တွင် ဒေါ်လာ လေးရာ ဖြင့် ရောင်းချ မည် ဟု ကြေညာပါသည်။ ထို့အပြင် Xbox One နှင့် Xbox 360 တို့တွင် Netflix , Hulu Plus, YouTube, HBO Go တို့ကဲ့သို့ ရုပ်သံထုတ်လွှင့်သည့် Apps များကို အသုံးပြုရန် Live Gold ၀န်ဆောင်မှု ကို ၀ယ်ယူရန် မလိုအပ်တော့ပါ။ Xbox One တွင် OneGuide, Internet Explorer နှင့် Skype တို့ကို အသုံးပြုရန်လည်း Live Gold မလိုအပ်တော့ ဟု သိရပါသည်။
“Games with Gold” Program ၊ Cloud တွင် ဂိမ်းများ သိမ်းဆည်းခြင်း နှင့် ဂိမ်းများကို Record ပြုလုပ်ခြင်းတို့အတွက် Live Gold ကို ၀ယ်ယူအသုံးပြုရမည် ဖြစ်သည်။ “Games with Gold” Program တစ်နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် Live Gold Subscriber များက ဇွန်လတွင် Xbox 360 Game ကို ရရှိမည် ဖြစ်သည်။ Microsoft က “Games with Gold” နှင့် “Deals with Gold” ကို Xbox One တွင် ဇွန်လ ၌ အသုံးပြု၍ရစေရန် ပြုလုပ်ပေးမည် ဟု ကြေညာပါသည်။
ဒေါ်လာ လေးရာတန် Xbox One သည် PlayStation 4 နှင့် ဈေးနှုန်း အပိုင်းတွင် ယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။ ယခင်ကမူ Xbox One သည် PlayStation 4 ထက် ဒေါ်လာ တစ်ရာ ဈေးနှုန်းကြီးမြင့်ပြီး ယခုမူ ဈေးနှုန်း တူညီသွားပြီ ဖြစ်သည်။ ထို့အပြင် တစ်နှစ်လျှင် ဒေါ်လာ ခြောက်ဆယ် ပေးသွင်းကြည့်ရသည့် Streaming App များကိုလည်း အခမဲ့ ကြည့်နိုင်ပြီ ဖြစ်သည်။ PlayStation 4 တွင် Streaming App များကို ယခင် ကတည်းက အခမဲ့ ကြည့်ရှုနိုင်ခြင်း ဖြစ်သည်။
ref: သူရ
0 comments:
Post a Comment