Sunday, May 11, 2014

Presentation ပြသရန် အတွက် Momo11 (10.1 inches)



Aung Ko Htet (MM IT Knowledge)


အသုံးများလာတဲ့ tablet အမျိုးမျိုးထဲမှာ မှ အသုံးပြုမှုအများဆုံး momo brand ကတော့ ယခု screen size 10.1 လက်မ ရှိတဲ့ momo11 အဖြစ် ၀င်ရောက်လာပါတယ်။ touch အထူးကောင်းမွန့်လာခြင်း နှင့် ram , internal storage တို့ မြင့်မားလာတာကြောင့် အသုံးပြုသူများ အကြိုက်တွေ့စေမှာ အမှန်ပါပဲ ။ အလူမီနီယံ ဘော်ဒီ ကို အသုံးပြုထားပြီး ပါးလွှာတာကြောင့် သွားလေရာ သယ်ဆောင် အသုံးပြုနိုင်ပါတယ်။ Mp3 , Mp4 အပြင် HD movies များကိုပါ ကြည့်ရှု့နိုင်တာကြောင့် သီချင်း နားထောင်ရန် ကြိုက်နှစ်သက်သူများ နှင့် movies ကြည့်ရှု့ချင်သူများ အတွက်ပါ အဆင်ပြေစေ နိုင်မှာပါ။ Quad Core CPU ကို အသုံးပြုထားပြီး 1.6 Ghz ရရှိမှာဖြစ်ပါတယ်။


 မြန်နှုန်းမြင့် Ram 1GB DDRIII ကို တပ်ဆင်ထားပြီး data သိမ်းဆည်းရန် အတွက် internal storage 16GB ပါဝင်မှာဖြစ်ပါတယ်။ ထပ်မံဖြည့်တင်းချင်သူများ အတွက်လဲ micro SD card 32GB အထိ ထပ်မံဖြည့်တင်းနိုင်မှာပါ။ သူ့ရဲ့ ထူးခြား ချက်က တော့ mini HDMI port တစ်ခုပါဝင်လာပြီး HDMI port ပါဝင်သော TV , Monitor များ နှင့် တွဲဖတ် ကြည့်ရှု့နိုင်တာကြောင့် presentation ပြသ ရန်အတွက် ပိုမိုအဆင်ပြေနိုင်ပါတယ်။ ဒီဇိုင်းလဲ ဆန်းသစ်ပြီး သင့်တော်တဲ့ ဈေးနှုန်းတွေ ကြောင့် User များ အကြိုက်တွေ့စေမှာပါ။ android version 4.1.1 jelly bean OS ကို အသုံးပြုထားပြီး wifi internet ကိုအသုံးပြု နိုင်တာကြောင့် facebook , skype , gmail အစရှိတဲ့ application များကိုလဲ အသုံးပြုနိုင်သလို game အနိမ့်အမြင့် များ ကို ကောင်းမွန်စွာ အသုံးပြုနိုင်တာကြောင့် လူကြီးကော ကလေးပါ အကြိုက်တွေ့စေမှာပါ။ colour ငွေမှင်ရောင်ဖြင့် လှပတဲ့ momo 11 (9.7 inches) tablet လေးကို ဈေးနှုန်း 100,000 Ks ဖြင့် SCS computer . Ph: 01-290384 , 09-73000101 တွင်ဝယ်ယူရရှိနိုင်ပါတယ်။

ref: Tech space

0 comments:

Post a Comment