Tuesday, May 6, 2014
Qualcomm ၏ Toq စမတ်နာရီ ကို အသံဖြင့် ခိုင်းစေနိုင်ပြီ
Aung Ko Htet (MM IT Knowledge)
Qualcomm က Toq စမတ်နာရီ တွင် Toq Talk စွမ်းဆောင်ချက် အသစ် ထည့်သွင်းပေးလိုက်ပါသည်။ Nuance ၏ Voice-to-Text နည်းပညာ ကို အသုံးပြုထားပြီး Messages များပေးပို့ရန် နှင့် ၀င်လာသည့် Messages များကို တုန့်ပြန်ရန် ၀တ်ဆင်သူ က အသံဖြင့် ခိုင်းစေနိုင်မည်ဖြစ်သည်။
Nuance သည် Speech Recognition နည်းပညာ တွင် ဦးဆောင်နေသူ ဖြစ်ပြီး iOS တွင် အသုံးပြုနေသည့် Siri နှင့် အခြား နယ်ပယ်များ တွင်လည်း Nuance ၏ နည်းပညာ ကို အသုံးပြုနေကြပါသည်။ အခုလောလောဆယ်တွင် Toq စမတ်နာရီ ရှိ Messaging App တွင်သာ အသံဖြင့် စာရိုက်ရန် ခိုင်းစေနိုင်ပါသည်။ ထို့အပြင် အသံဖြင့် ခိုင်းစေနိုင်သည့် အချိန် ကန့်သတ်ချက် မှာ ကိုးစက္ကန့် ဖြစ်ပါသည်။ သို့သော် စာတိုများ ပေးပို့ရန် အတွက် လုံလောက်သည့် အချိန် ဖြစ်ပါသည်။
Google က မကြာမီ က ပြိုင်ဖက် စမတ်နာရီများ ကို နောက်ကောက်ကျစေမည့် Android Wear OS ကို ကြေညာခဲ့ပါသည်။ Android Wear သည် စမတ်နာရီများ အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ Android Wear သည် Google Now ကို အခြေပြုထားသည့်အတွက် စမတ်နာရီ ကို အသံဖြင့် ခိုင်းစေနိုင်ပါသည်။ Android Wear က ချိတ်ဆက်ထားသည့် စမတ်ဖုန်းများမှ အချက်ပေးမှုများ နှင့် စာပေးပို့မှုများ ၊ စာပြန်မှုများ ကို အသံဖြင့် ခိုင်းစေ နိုင်ပါသည်။ Toq မှလွဲပြီး ပြိုင်ဖက် စမတ်နာရီများ တွင် အဆိုပါ စွမ်းဆောင်ချက်မျိုးမပါရှိသေးပါ။ အခြားစမတ်နာရီ များသည် စမတ်ဖုန်း မှ အချက်ပေးမှုများ ကို ရရှိရန် စမတ်နာရီ တွင် App များထည့်သွင်းအသုံးပြုရပါသည်။ Android Wear က App များ ထည့်သွင်းစရာမလိုဘဲ ဖုန်း ရှိ App များ ကို ဆွဲယူ အသုံးပြုနိုင်ပါသည်။
Qualcomm က Toq စမတ်နာရီ တွင် အသံဖြင့် ခိုင်းစေနိုင်သည့် စွမ်းဆောင်ချက် ကို ထည့်သွင်းခြင်း သည် ပြိုင်ဖက် စမတ်နာရီများ သည် Google ၏ Android Wear ကို ယှဉ်ပြိုင်ရန် ကြိုးစားမှု တစ်ခု ဖြစ်ပါသည်။
Toq စမတ်နာရီ ၏ အလုပ်လုပ်ပုံ ကို အောက် က ဗီဒီယို တွင် ကြည့်နိုင်ပါသည်။
https://www.youtube.com/watch?v=MF4Ktzb1lmM
ref: သူရ
Qualcomm ၏ Toq စမတ်နာရီ ကို အသံဖြင့် ခိုင်းစေနိုင်ပြီ ~ Myanmar It Knowledge >>>>> Download Now
ReplyDelete>>>>> Download Full
Qualcomm ၏ Toq စမတ်နာရီ ကို အသံဖြင့် ခိုင်းစေနိုင်ပြီ ~ Myanmar It Knowledge >>>>> Download LINK
>>>>> Download Now
Qualcomm ၏ Toq စမတ်နာရီ ကို အသံဖြင့် ခိုင်းစေနိုင်ပြီ ~ Myanmar It Knowledge >>>>> Download Full
>>>>> Download LINK sx