Tuesday, May 13, 2014
သင့်အိမ်မှာ Wi-Fi မရောက်နိုင်တဲ့ နေရာတွေကို ဒီပစ္စည်းလေးနဲ့ ကျော်လွှားနိုင်ပါတယ်
Aung Ko Htet (MM IT Knowledge)
POWERLINE ADAPTERS | £80 from www.snipca.com/11746
BT Wi-Fi Home Hotspot 500 Kit
တကယ်လို့ သင့်ရဲ့ Wi-Fi router က သင့်အိမ်ရဲ့ လှေခါးအောက် အိပ်ခန်းလိုမျိုးWi-Fi မရောက်နိုင်တဲ့နေရာမျိုး တွေမှာ ချိတ်ဆက်လို့မရလျှင် သင့်ရဲ့ပြဿနာကို BT Wi-Fi Home Hotspot ကဖြေရှင်းပေးပါလိမ့်မည်။ အဲဒိမှ Powerline adapters နှစ်ခုပါဝင်ပြီး သင့်ရဲ့ devices များကို သင့်အိမ်မှာရှိတဲ့ လျှပ်စစ်ကြိုးသွယ်တန်းမှုမှ တဆင့် ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။
Adaptor တစ်ခုကတော့ သင့်ရဲ့ router ကိုချိတ်ဆက်မှာဖြစ်ပြီး နောက်တစ်ခုကတော့ Wi-Fi signal အားအနည်းဆုံးသောနေရာတွေမှာထားရှိရမှာဖြစ်ပါတယ်။ ဒုတိယ adaptor ကို သင့်ရဲ့ စမတ်ဖုန်းများ၊ လက်ပ်တော့များ ၊ တက်ဘလက်များနှင့်အခြားသော devices များမှ ကြိုးမဲ့အားဖြင့်သင့်အိမ် network ရဲ့ အခြားသော နေရာများမှာ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့ router နဲ့ ချိတ်ဆက်ထားတဲ့ adapter က အားသွင်းနိုင်မယ့် socket တစ်ခုပါဝင်လို့ ပါဝါကို အခြားသော နံရံ socket များမှာချိတ်ဆက်ထားတဲ့ ပစ္စည်းများမှလည်းရရှိနိုင်မှဖြစ်ပါတယ်။
Home Hotspot 500 က dual band မဟုတ်ဘဲ 2.4GHz band မှာသာအလုပ်လုပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ speed ကို စစ်ဆေးကြည့်တဲ့အခါ တစ်မီတာအကွာအဝေးမှာ 45.9Mbps နှုန်းနဲ့ကူးပြောင်းနိုင်ပြီး ၁၀ မီတာအကွာမှာတော့ 45Mbps နှုန်းနဲ့ကူးပြောင်းပါတယ်။၂၅ မီတာ အကွာမှာ Wi-Fi ကိုစမ်းကြည့်တော့ fail ဖြစ်တာကိုတွေ့ရပါတယ်။ ဒီ လိုကျဆင်းမှုကတော့ စိတ်ပျက်စရာပါပဲ။ အထူးသဖြင့် အခြားသော Powerline adaptors တွေက ဒီ အကွာအဝေးမှာ အလုပ်လုပ်လို့ပဲဖြစ်ပါတယ်။
ဒီပစ္စည်းလေးက တပ်ဆင်ရတာလွယ်ကူပြီး adapters တွေက password တစ်ပါတည်းထည့်သွင်းထားပြီးဖြစ်ပါတယ်။ဒါ့ကြောင့် သင့် network ကို အခြားသူများက သုံးစွဲနိုင်မှာမဟုတ်ပါဘူး။ သို့သော်လည်း သင့်အနေနဲ့ BT Device Configuration Tool ကို www.snipca.com/11753 မှ download ရယူကာ password များကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ သုံးစွဲပုံ အညွှန်းစာအုပ်ထဲမှာတော့ဒါကိုရှင်းပြထားတာမတွေ့ရပါဘူး။
BT Wi-Fi Home Hotspot 500 Kit ကကောင်းမွန်စွာ အလုပ်လုပ်တာကိုတွေ့ရပါတယ်။ သို့သော် Devlo dLAN 500AV Wireless+ က ပိုမိုဝေးကွာသောအကွာအဝေး ကို 5GHz band မှာ devices များအတွက် ပိုမိုမြန်ဆန်တဲ့ စွမ်းဆောင်ရည်နဲ့ အလုပ်လုပ်ပါတယ်။ ဈေးနှုန်းကတော့ အနည်းငယ်ပိုပေမယ့် Powerline kit တွေထဲမှာတော့ ထိပ်တန်းဖြစ်နေဆဲပါ။
သုံးသပ်ချက်
ကောင်းမွန်တဲ့ Powerline kit တစ်ခုဖြစ်ပေမယ့် ပိုမိုမြန်ဆန်တဲ့ အလားတူ ကိရိယာတွေရနိုင်ပါတယ်။
အလားတူ
Devolo dLAN 500AV Wireless+ £105
ဈေးပိုကြီးပါတယ်။သို့သော် ပိုမိုကွာဝေးသော နေရာသို့ရောက်နိုင်ပြီး စွမ်းဆောင်ရည်ပိုကောင်းပါတယ်။
ref: Computer Active (Issue 421)
0 comments:
Post a Comment