Aung Ko Htet (MM IT Knowledge)
Password
လုံခြုံရေးသည် အင်တာနက် သုံးစွဲသူတိုင်း အလေးထားရမည့် အချက်တစ်ချက်
ဖြစ်သည်။ Browser များတွင် password များကို မှတ်ထားနိုင်သည့်
နည်းလမ်းများကို ထောက်ပံ့ပေးထားသော်လည်း ၎င်း option ကို အလွယ်တကူ
ရှာမတွေ့နိုင်သလို သုံးလေ့သုံးထ မရှိသူများအတွက်လည်း browser တွင်
မှတ်ထားသည့် password များကို မေ့ပြီး ပြန်မဖျက်မိတာမျိုး ဖြစ်ပေါ်နိုင်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးများ အတွက် Saved Password Editor ဟုခေါ်သော Firefox add-on ဖြင့် မှတ်ထားသည့် password များကို အလွယ်တကူ သိရှိစေနိုင်သည်။ ၎င်း add-on သည် Firefox တွင် မှတ်ထားသည့် password များကို web form တစ်ခုပေါ်တွင် right-click တစ်ချက်နှိပ်ရုံဖြင့် save, edit, delete စသည်ဖြင့် ပြုလုပ်နိုင်သည်။ Web form ဆိုသည်မှာ username နှင့် password လိုအပ်သည့် မည်သည့် login page ကိုမဆို ခေါ်ဆိုသည်။
Saved Password Editor ကို Firefox Add-on ဝက်ဘ်ဆိုက်တွင် download ပြုလုပ်ရုံဖြင့် အလွယ်တကူ အသုံးပြုနိုင်သည်။ Web form တစ်ခုပေါ်တွင် right-click နှိပ်လိုက်သည့်အခါ Save login info, Edit login info နှင့် Delete login info စသည့် option သုံးမျိုးအနက်မှ တစ်မျိုးကို ရွေးချယ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။

Page တစ်ခုကို log in information ကို Firefox တွင် သိမ်းဆည်းလိုသည့်အခါ Save login info ကိုနှိပ်ပြီး ပြုလုပ်နိုင်သည်။

Username နှင့် password ကို ပြောင်းလဲလိုသည့်အခါ Edit login info ကို ရွေးချယ်ပြီး လိုအပ်သည့် ပြောင်းလဲမှုများ ပြုလုပ်နိုင်သည်။

Browser တွင် သိမ်းဆည်းထားသည့် password ကို ဖယ်ရှားလိုသည့်အခါ Delete login info ဖြင့် ပြုလုပ်နိုင်သည်။ Delete ပြုလုပ်ရာတွင် သက်ဆိုင်ရာ save လုပ်ထားသည့် login ကိုသာ ပြုလုပ်နိုင်သည်။

0 comments:
Post a Comment