အရင်ဆုံး Download ကစပါမယ်:D
ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ
အောက်မှာဒေါင်လုပ်လုပ်ပြီးသွင်းပါ။
Java ကို computer မှာ install
လုပ်ပြီးရင် Adb
ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb
သွင်းကြရအောင်။
၁။ ကွန်ပျူတာထဲမှာ Folder
အသစ်တစ်ခုဆောက်ပြီး
Android လို့
နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip
ဖိုင်ကိုဖြည်ပြီး
အထဲက ADB ဖိုင်ထဲမှာ
ရှိသမျှဖိုင်တွေကို စောစောက
အသစ်လုပ်ထားတဲ့ Android
ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run
program ကို
ဖွင့်လိုက်ပြီး cmd.exe
ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က
အတိုင်းရိုက်ပေးပါ။
>d:
cd android
adb devices
( d ဆိုတဲ့နေရာမှာ
ကိုယ်က Android ဆိုတဲ့ folder ကို
C drive ထဲမှာထားရင် C
လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။
။ကွန်ပျူတာထဲမှာ အကြောင်း
အမျိုးမျိုးကြောင့် Android
SDK သွင်းထားပြီးရင်
Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှ Apk Multi-tools
ကိုဒေါင်းလုပ်ဆွဲပါ။
၁။ Root Explorer app သုံးပြီးတော့
ဖုန်းထဲက
System>app ထဲက setting.apk
နဲ့ System>
framework ထဲက framework-res.apk
ကို
copy ကူးပြီး ကွန်ပျူတာထဲထည့်ထားပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip
ဖိုင်ကိုဖြည်ပါ
။ဖြည်လို့ရလာတဲ့ Apk Multi
ဖိုဒါထဲကိုဝင်၊ other
ဖိုဒါထဲကို ဆက်ဝင်ပြီး အဆင့် ၁
မှာရလာတဲ့
framwork-res.apk ဖိုင်ကိုအဲဒီ other
ဖိုဒါထဲကို ထည့်ပါ။
၃။ Apk Multi-tools folder ထဲက 25kB
ရှိတဲ့
ဒုတိယ Setup.bat ကို run ပါ။
၎။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 2
ကိုရွေးပါ။
Keyboard ကနေ 2 လို့ရိုက်ပြီး
Enter ခေါက်ရုံပါပဲ။
ပြီးရင် install framework
ဖြစ်တဲ့ option 1 ကိုရွေးပါ။
၅။ ပြီးသွားလို့ အပေါ်က screen
ကိုပြန်ရောက်ရင်
option 3 ကိုရွေးပါ။ Press any
key to continue
လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့
ပထမ screen
နေရာပြန်ရောက်ရင် အဲဒီဟာကို
ပိတ်လိုက်လို့ရပါပြီ။
(ပထမဆုံး software
အသုံးပြုခါနီး တစ်ခါလုပ်ပီးရင်
နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)
၆။ အဆင့် ၁ မှာ
ကွန်ပျူတာထဲထည့်ခဲ့တဲ့
setting.apk ကို ” place-apk-here-for-modding ”
လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။
၇။ Script.bat ကို Double click
နှိပ်ပြီး run ပါ။
၈။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option
ဖြစ်တဲ့
Option 10 ကိုရွေးချယ်ပါ။ (10
လို့ရိုက်ပြီး Enter
ခေါက်ပါ။)။ အဆင့် ၁ မှာ
လုပ်ခဲ့တဲ့ framework-res.apk
ဖိုင်ကို mouse နဲ့ပဲ အပေါ်က screen
အမဲကြီးပေါ်ကို
ဆွဲထည့်လိုက်ပါ။ ပြီးရင် enter
ခေါက်ပါ။
၉။ ပြီးလျှင် အဲဒီ software ကို
ဘေးခဏဖယ်
(Minimized လုပ်ပြီး) စောစောက Apk
Multi-tools
ဖိုဒါထဲသွားပါ။ Project ဆိုတဲ့
ဖိုဒါရှိပါတယ်။
အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့
နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။
ဒီကောင်ကို အရင်မပြင်ခင်
trick လေးလုပ်ရအောင်။
( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာ
ဖိုင်ကိုဝင်ပြင်ပြီးသွားလို့
apk ကိုပြန်ပေါင်း
ထုတ်တဲ့အခါ
အလုပ်လုပ်ဖို့လိုတဲ့ memory
ပမာဏကများပါတယ်။
အဲဒါကြောင့်မပြင်ခင်
ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့်
လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက
နည်းသွားတဲ့အတွက်
Apk Multi-tool software က
handle
လုပ်နိုင်သွားပါတယ်။ မနေ့ကမှ တွေ့ထားတဲ့
လတ်လတ်ဆတ်ဆတ် solution လေးပါ:P)
၁၀။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့
software ဆီပြန်သွားပြီး Option 11
ကိုရွေးပါ။
Building apk ဆိုတဲ့
အဆင့်မှာကြာနေမှာဖြစ်ပါတယ်။
၁၁။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ
မေးခွန်းတစ်
ခုမေးပါလိမ့်မယ်။ n လိုက်ရိုက်ပြီး
enter ခေါက်ပါ။
၁၂။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ”
place-apk-here-for-modding
” ဆိုတဲ့
ဖိုဒါထဲသွားပြီး System_Setting.apk
ဆိုတဲ့
ဖိုင်လေးကို delete လုပ်လိုက်ပါ။
၁၃။ ပြီးရင် စောစောက(အဆင့် ၇) Project
ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက
res ဖိုဒါထဲကိုဝင်ပါ။
၁၄။ res ဖိုဒါထဲမှာ Values
ဆိုတဲ့ ဖိုဒါကိုရှာပြီး
အဲဒီထဲဝင်လိုက်ပါ။
၁၅။ String.xml
ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး
Note++ ကိုရွေးပေးပါ။ (Note++
software အား
Google တွင်အလွယ်တကူရှာပြီး Download
& Install လုပ်နိုင်ပါတယ်)
၁၆။ အဲဒီကျရင်တော့ Program
တွေရေးထားတဲ့
စာတွေကိုမြင်ရမှာပါ။ အဲဒီ
Note++ ရဲ့
အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ
Search
ဆိုတာရှိပါတယ်။ Search ထဲကို
သွားပြီး Find ကိုရွေးပေးပါ။
၁၇။ ပေါ်လာတဲ့ box လေးက Replace
ဆိုတဲ့ tab
လေးကိုရွေးပေးပါ။ (Find tab
ရဲ့ဘေးမှာပါ)
၁၈။ Find what ဆိုတဲ့နေရာမှာ
ကိုယ်ပြင်ချင်တဲ့
စာကိုရိုက်ပါ။ (ဥပမာ- Wifi
ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)
၁၉။ ပြီးရင် အောက်က Replace with
ဆိုတဲ့နေရာမှာ
အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ-
ဝိုင်ဖိုင်)
၂၀။ ပြီးရင်တော့ အဲဒီ box
လေးရဲ့ညာဘက်ခြမ်မှာ
Find next
ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို
ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။
၂၁။ မှတ်ထားဖို့က Wifi (ဥပမာ)
လို့ပါတဲ့နေရာတိုင်းကို
ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က
ပုံမှာပြထားတဲ့
နေရာမျိုးက စာလုံးမှာပဲ
အစားထိုးရမှာပါ။
လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။
ပုံကိုကြည့်မယ်ဆိုရင် လောလောဆည်
ဘယ်ဘက်နားက
wifi ဆိုတာလေးကို ညွှန်နေပါတယ်။
အဲလိုဆိုရင်
Find next ကို ထပ်နှိပ်ပြီး
ညာဘက်ခြမ်း </string>
လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက
စာသားတွေမှာ
အစားထိုးရမှာပါ။ ပုံထဲက
အစားမထိုးရသေးတဲ့
နေရာတစ်ခုကို ကြည့်မယ်ဆိုရင်
Line no. 501 က
wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့
အဲဒီဘေးက Error လို့
အမဲရောင်နဲ့ရေးထားတဲ့
နေရာတွေမှာပဲ အစားထိုးမှာပါ။
အဲဒီ error မှာ
အစားထိုးမယ်ဆိုရင် search မှာ error
လို့ရိုက်
Find next နဲ့ အဲဒီနေရာမရောက်မချင်း
နှိပ်သွား
ရောက်ရင် replace ဆိုတာကို
နှိပ်ပါ။
(အစားထိုးမယ်ဆိုရင် Find next အောက်က
replace ကိုနှိပ်ပါ။)
၂၂။ အဲလိုပုံစံမျိုးနဲ့ စာတွေကို
replace လုပ်သွားရုံးပါပဲ။
Search နဲ့ replace မလုပ်ချင်ရင်လဲ
ကိုယ့်ဘာသာအဲဒီ
page မှာမဲ mouse နဲ့စာကိုထောက်
delete လုပ်ပြီး
ရေးထားတဲ့
စာကိုရိုက်ထည့်လိုက်ပေါ့။
(စာကတော့ အဲဒီနေရာမှာပဲရိုက်ရင်
အတုန်းတွေပဲမြင်ရမှာပါ။
Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး
အဲဒီ folder ကို rename လုပ်
ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)
၂၃။ replace လုပ်လို့ပြီးသွားရင်တော့
save လုပ်ပြီး
Note++ ကိုပိတ်လိုက်ပါ။
၂၄။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့
softwareကိုပြန်ဖွင့်ပြီး
option 11 ကိုရွေးပါ။ 11
လို့ရိုက်ပြီး enter ခေါက်။
၂၅။ Building apk
လို့ပေါ်နေမှာဖြစ်ပြီး ပြီးသွားရင်
မေးခွန်းတစ်ခုမေးမှာဖြစ်ပါတယ်။
y ကိုရွေးပေးပါ။
၂၆။ n လို့ရွေးပြီးသွားလို့ Please
make your decision
ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software
ကိုပိတ်ပြီး
” place-apk-here-for-modding
” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး
System_Setting.apk ဆိုတဲ့
ဖိုင်လေးကို System_
ဆိုတာလေးဖြုတ်ပစ်ပြီး
နံမည်ကိုပြင်လိုက်ပါ။
၂၇။ ပြီးသွားရင်တော့ Setting.apk
ဆိုတဲ့ဖိုင်လေးရသွားပါပြီ။
၂၈။ ဖိုင်လေးကို သွင်းရလွယ်ကူအောင်
CWM flashable zip
လေးပါထည့်ပေးလိုက်ပါရစေ။ CWM
နဲ့ install
မလုပ်ချင်ရင်လဲ Root Explorer
သုံးပြီး System>app
ထဲမှာ overwrite လုပ် permission ကို
rw-r–r– ပြောင်းပေးပြီး
ဖုန်းကို reboot
ချလိုက်လဲရပါတယ်။
၃၁။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့
software
ကိုကွန်ပျူတာမှာ install လုပ်ပါ။
၃၂။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip
ကို
Right click နှိပ်ပြီး 7zip
ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။
၃၃။ ပေါ်လာတဲ့ box လေးကနေ system>app
ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app
ဖိုဒါထဲက
setting.apk လေးကို delete
လုပ်ပါ။
၃၄။ ပြီးရင် ကိုယ်ပြင်ထားတဲ့
setting.apk ဖိုင်လေးကို
အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။
Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။
၃၅။ ပြီးရင် အဲဒီ box လေးကို
ပိတ်ပြီးတော့
zip ဖိုင်ကို sd card ထဲထည့် CWM
recovery
နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။
နောက်
နောက်ပိုင်း system ဖိုင်ထဲက app
တွေကို
overwrite လုပ်ရင်ပဲဖြစ်ဖြစ် system
ဖိုင်ထဲကို
app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip
လေးထဲကို
အပေါ်က အဆင့်အတိုင်း လုပ်ပြီး
လွယ်ကူစွာ သွင်းနိုင်ပါပြီ။
အားလုံးပဲ
ပျော်ရွှင်ချမ်းမြေ့ကြပစေ။ ။
Samsung တချို့ဖုန်းတွေအတွက်
မရဘူးလို့
Feedback တွေရပါတယ်။
အဲဒီဖုန်းတွေအတွက်ကတော့
အဆင့် 1 ကနေ 5 အတိုင်း
framework-res.apk
အပြင် twframework-res.apk
ဆိုတဲ့ file ကိုပါ
တပါတည်း install
လုပ်ကြည့်စေချင်ပါတယ်။
credit MMAS
အဆင်ပြေပါစေ........
Min Oke Kar (နည်းပညာမှတ်စု)
http://www.okkitstore.blogspot.com/
0 comments:
Post a Comment