Friday, March 14, 2014
MmUnitConverter
Aung Ko Htet (MM IT Knowledge)
ဒီလကုန် (မတ် ၃၁) မှာ အသစ် ပြန်လည် မွမ်းမံထားတဲ့ MmUnitConverter mobile app တစ်ခုနှင့် မိတ်ဆက်ပေးလိုပါတယ်။
MmUnitConverter ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အတိုင်းအတာအဖြစ် အသုံးပြုနေသော မြန်မာရှေးရိုး စနစ် (မှ/သို့) အင်္ဂလိပ်တိုင်းတာမှု စနစ် (မှ/သို့) နိုင်ငံတကာ စနစ် အလွယ်တစ်ကူ ပြောင်းလဲ တွက်ချက်ပေးနိုင်တဲ့ မြန်မာ Mobile App တစ်ခု ဖြစ်ပါတယ်။
နိုင်ငံတစ်ခု၏ ဖွံ့ဖြိုး တိုးတတ်ရေးတွင် အချက်အချာကျသော စီးပွါးကူးသန်း ရောင်းဝယ်ရေးတွင် အလေးချိန်ခွင်နှင့် စံစနစ်တို့မှာ အဓိက အရေးကြီးပါသည်။ မြန်မာသမိုင်းမှာ သာလွန်မင်းတရားကြီး လက်ထက်က အတိုင်းအတာများကို စနစ်တကျဖြစ်အောင် အရေးတယူ ပြုလုပ်၍ တိုင်းပြည်ကို သာယာ ဝပြောစေသည်ဟု မှတ်သားရသည်။ ထိုနောက်ပိုင်း အင်္ဂလိပ်စနစ်၊ နိုင်ငံတကာ စနစ် စသဖြင့် အဆင်ပြေသလို သုံးစွဲကျရာ ယခု မြန်မာနိုင်ငံသည် မည်သည့်စနစ် သုံးသည်ဟု ပြောရန် ခက်သည်။ မကြာသေးမှီက ပြည်သူ့လွှတ်တော်တွင် စံယူနစ်နှင့် ပတ်သတ်၍ မြန်မာနိုင်ငံသည် ဒေသအလိုက် ကွဲပြားနေသည်ကို ညီသွားစေရန်၊ နိုင်ငံတကာနှင့် ကူးသန်း ရောင်းဝယ်ရာတွင် ပိုမို ချောမွေ့စေရန်အတွက် Metric စနစ် (SI System) ကို ပြောင်းလဲ ကျင့်သုံးသွားမည် ထုတ်ပြန်ခဲ့သည်။ အလေ့အကျင့် မရှိသေးသည့် ကာလအတွင်း တစ်နေရာမှ အသုံးဝင်နိုင်မည်ဟု ရည်ရွယ်၍ Wikipedia မှာ ရှိသော Burmese units of measurement ပေါ် တည်၍ Mobile App တစ်ခု ပြုလုပ်လိုက်ပါသည်။
လက်ရှိ ဗာရှင်းမှာ ၁.၃ ဖြစ်ပြီး အသုံးပြုသူ ဦးရေ 10000-50000 ခန့် ရှိပါသည်။ အသုံးပြုသူများ အနေဖြင့် Offline အသုံးပြုနိုင်ပြီး၊ အင်ဂျင်နီယာများနှင့် စိုက်ပျိုးရေးသမားအတွက် အသုံးဝင်သည်ဟု ဆိုကြပါသည်။ နိုင်ငံတကာနှင့် အလုပ်လုပ်နေသူများအတွက်လည်း အလွယ်တစ်ကူ အသုံးပြုနိုင်ကြပါသည်။ လက်ရှိ ဗာရှင်းတွင် မြန်မာရိုးရာ စနစ်မှ အင်္ဂလိပ်စနစ်/ နိုင်ငံတကာ စနစ်ကိုသာ တွက်နိုင်ပြီး၊ အခု အသစ်ဗာရှင်းတွင် မည်သည့်စနစ်မှ မဆို တွက်နိုင်အောင် ပြုပြင်ထားပါသည်။ ထိုကြောင့် တစ်မိုင်တွင် ဘယ်နှစ် ကီလိုမီတာ ရှိသည်ဟု တွက်နိုင်သလို၊ မြန်မာလို ယူဇနာ ဘယ်လောက်ရှိသည်ဟုပါ သိနိုင်ပါသည်။
ဒီ MmUnitConvertor ကို Free Download ပေးသွားမည် ဖြစ်ပြီး၊ (၁) Google Play (၂) Samsung App Store နှင့် (၃) Felix Myanmar Website များမှ ရယူနိုင်မှာ ဖြစ်ပါသည်။
REF: Internet Journal
0 comments:
Post a Comment