Aung Ko Htet (MM IT Knowledge)
ကျွန်တော်တို့
မြန်မာနိုင်ငံမှာလည်း ဈေးနှုန်းသက်သာပြီး လူကြိုက်လည်း များတဲ့ ZTE ဟာ အခုဆိုရင်တော့
Smart Phone လောကထဲကို တရှိုန်ထိုးဝင်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။
ZTE မှ ထုတ်လုပ်မည့်
နောက်ဆုံးထုတ်ကုန်ဖြစ်တဲ့ Grand S ext ရဲ့ ဓါတ်ပုံနှစ်ပုံကို RedDot 21 website က ငှားရမ်းတင်ပြခွင့်
ရခဲ့ပါတယ်။ အဆိုပါ ဓါတ်ပုံနှစ်ပုံဟာကွေးတဲ့ ကိုယ် ထည်တွေ
ပိုင်ဆိုင်တဲ့အ တွက်ကြောင့် Nano Molding Technology (NMT) ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။
NMT ဆိုတာ
ပလတ်စတစ်နဲ့ သတ္တုကို ပေါင်းစပ်ကာ ကိုယ်လိုချင်တဲ့ အလေးချိန် နဲ့ ကြာရှည်ခံမှုတွေကို
လိုသလို ချိန်စပြီး ပုံစံခွက်ထဲသို့ ပုံစံလောင်းထည့်သွင်းပါတယ်။
အဲ့လို ထည့်သွင်းပြီးမှ ရရှိလာခဲ့ တဲ့ ပုံစံကို အတည်ပြုပြီး ထုတ်လုပ်တဲ့
နည်းပညာကိုဆိုလိုခြင်းဖြစ်ပါတယ်။
ZTE
Grand S ext နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက် ကိုတော့ ဘာမှ မသိရသေးပါဘူး။ ဒါပေမဲ့ သတင်းဓါတ်ပုံတွေရဲ့
ဖော်ပြချက်အရတော့ZTE
Grand S ext ဟာ NMT နည်းပညာအသုံးပြုထုတ် လုပ်ထားတဲ့ ပထမဆုံး smart phone ဖြစ်လာမှာ ဖြစ်ပြီး
wireless charging နဲ့ ရိုးရိုး chargingအားသွင်းမှုတို့
ကိုပေါင်းဆပ်ထားတဲ့ ပထမဆုံး smart phone ဖြစ်လာမှာဖြစ်ပါတယ်။
ZTE
Grand S ext ရဲ့ ငှားရမ်းဖော်ပြခွင့်ရတဲ့ RedDot 21 website ရဲ့ ဖော်ပြချက်အရတော့ အဆိုပါ
ZTE Grand S ext စာ အမှန်တကယ် ထုတ်လုပ်မယ်ဆိုတာကို
ကျွန်တော်တို့အနေနဲ့ ခန့်မှန်းနိုင်ပါတယ်။
Ref:
Arena
Translate
By Aung Ko Htet
0 comments:
Post a Comment