Saturday, April 5, 2014
Android Device ကနေ WiFi , Internet ကို အသုံးပြုပြီး Print ပြုလုပ်ခြင်း
Aung Ko Htet (MM IT Knowledge)
Android Device တွေမှာ Print ထုတ်နိုင်တဲ့ စွမ်းရည်ပါရှိပါတယ်။ Android Device နဲ့ Printer ကို ကြိုးမဲ့ချိတ်ဆက်ပြီး Print ထုတ်နိုင်တဲ့နည်းတွေရှိပါတယ်။
Android Device ကနေ Printer ကို ကြိုးမဲ့ချိတ်ဆက်ပြီး Print ထုတ်နိုင်တဲ့ နည်းနှစ်နည်း ရှိပါတယ်။
ပထမနည်းက Google Cloud Print ကို အသုံးပြုပြီး အင်တာနက် ကနေ Print ထုတ်တာဖြစ်ပါတယ်။
ဒုတိယနည်းက Local WiFi Network ကို အသုံးပြုပြီး Print ထုတ်တာဖြစ်ပါတယ်။
Google Cloud Print
============
Google Cloud Print ကို အသုံးပြုရာမှာလည်း နည်းနှစ်နည်း ရှိပါတယ်။ Google Cloud Print စွမ်းဆောင်ချက် ပါတဲ့ Printer ကို အသုံးပြုတာနဲ့ သာမာန် Printer ကို အသုံးပြုတာဖြစ်ပါတယ်။
Printers များကို Google Cloud Print နှင့် ချိတ်ဆက်ခြင်း
===============================
Google Cloud Print စွမ်းဆောင်ချက်ပါတဲ့ Printer ကို Google Cloud Print နဲ့ ချိတ်ဆက်ဖို့ အတွက် Printer ရဲ့ Web Settings ထဲက Google Cloud Print မှာ Register Online ကို ရွေးချယ်ပေးရပါမယ်။ Printer က URL တစ်ခုပါတဲ့ စာရွက်တစ်ရွက် ကို Print ထုတ်ပေးပါလိမ့်မယ်။ စမတ်ဖုန်း က Browser မှာ သင့် Google Account နဲ့ Login ၀င်ပြီး URL ကိုဖွင့်ပေးရပါမယ်။ ဒါဆိုရင် Printer ကို သင့်ရဲ့ Google Cloud Print နဲ့ ချိတ်ဆက်ပြီးပြီ ဖြစ်ပါတယ်။
တစ်ခုမှတ်ထားရမှာ WiFi Printer တိုင်းမှာ Google Cloud Print စွမ်းဆောင်ချက်မပါရှိပါဘူး။ သင့်ရဲ့ WiFi Printer မှာ Google Cloud Print စွမ်းဆောင်ချက်မပါရင်လည်း Google Cloud Print ကို အသုံးပြုပြီး စမတ်ဖုန်း ကနေ Print ထုတ်လို့ရပါတယ်။
သာမာန် Printer တစ်လုံး ဒါမှမဟုတ် WiFi Printer တစ်လုံး ကို သင့်ရဲ့ Google Cloud Print နဲ့ ချိတ်ဆက်ဖို့အတွက် ကွန်ပြူတာ က Chrome Browser Settings ကနေပြုလုပ်ရပါမယ်။ Chrome Browser ကို သင့် Google Account နဲ့ Signin ၀င်ပြီးရင် Google Cloud Print ကဏ္ဍ ကိုရှာပါ။ Manage ကိုနှိပ်ပါ။ ဒါဆိုရင် သင့်ကွန်ပြူတာ နဲ့ချိတ်ဆက်နေတဲ့ Printer ကို တွေ့မြင်နိုင်ပြီး Add လုပ်နိုင်ပါတယ်။
Android Device ကနေ Print ပြုလုပ်ခြင်း
======================
Printer တွေကို သင့် Google Cloud Print နဲ့ ချိတ်ဆက်ပြီးရင် Android Device မှာ Google Cloud Print App ကို Google Play Store ကနေ အင်စတော လုပ်ပါ။ Android 4.4 KitKat ကို အသုံးပြုထားတဲ့ Android Device တွေမှာတော့ Google Cloud Print App ကို အင်စတော လုပ်စရာမလိုပါဘူး။ Document တစ်ခုကို Print ထုတ်ဖို့အတွက် Menu ကနေ Share နှိပ်ပြီး Google Cloud Print App ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ Google Cloud Print ရဲ့ အားသာချက်က ဘယ်နေရာ ကို ရောက်နေသည် ဖြစ်စေ အဝေး က Printer ကို အမိန့်ပေးခိုင်းစေနိုင်တာဖြစ်ပါတယ်။
Local WiFi Printing
===========
WiFi Printer တွေမှာ Google Cloud Print စွမ်းဆောင်ချက်မပါရှိရင် Local WiFi Network ကို အသုံးပြုပြီး Android Device ကနေ Print ထုတ်နိုင်ပါတယ်။ တူညီတဲ့ WiFi Network မှာ ရှိနေတဲ့ Printer ကို သိရှိပြီး Print ထုတ်ပေးနိုင်တဲ့ App တစ်ခုကို Android Device မှာ အင်စတော လုပ်ပြီး အသုံးပြုရပါမယ်။ Google Play Store မှာ အဲဒီလို စွမ်းဆောင်ပေးနိုင်တဲ့ App များစွာ ရှိပါတယ်။ အချို့ Printer ထုတ်လုပ်သူတွေက သူတို့ Printer အတွက် App ကို သီးသန့်ပြုလုပ်ပေးထားပါတယ်။ သင့်တော်ကောင်းမွန်တဲ့ App ကိုပြပါဆိုရင် PrinterShare Mobile Print ကို အသုံးပြုဖို့ အကြံပေးပါတယ်။
အပေါ်ကနည်းတွေကို အသုံးပြုပြီး Android Device တွေကနေ Print ထုတ်နိုင်ပါတယ်။ Printer ကို Google Cloud Print နဲ့ ချိတ်ဆက်ဖို့က Printer ပေါ်မူတည်ပြီး အနည်းငယ်ကွာခြားနိုင်ပေမယ့် အခြေခံသဘောတရားကတော့အတူတူပဲ ဖြစ်ပါတယ်။
ref: သူရ
0 comments:
Post a Comment