Saturday, April 5, 2014

Microsoft က Windows Phone 8.1 မှာ ထည့်သွင်းထားတဲ့ ကိုယ်ရေးလက်ထောက် Cortana ကို ပြသ



Aung Ko Htet (MM IT Knowledge)
 
Microsoft က Siri နဲ့ Google Now တို့ကို ယှဉ်ပြိုင်ဖို့ Windows Phone 8.1 မှာ ကိုယ်ရေးလက်ထောက် Cortana ကို ထည့်သွင်းပေးလိုက်ပါတယ်။ Microsoft ရဲ့ Windows Phone ဌာန မှ အကြီးအကဲဖြစ်သူ Joe Belfiore က San Francisco မှာ ပြုလုပ်တဲ့ Company ရဲ့ နှစ်ပတ်လည် Build Conference မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ Cortana ကို အခုလောလောဆယ်မှာ အမေရိကန် မှာ ပဲ အသုံးပြုနိုင်သေးပေမယ့် ဗြိတိန် နဲ့ အခြား နိုင်ငံများ မှာ လာမယ့် လများအတွင်း မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Cortana ကို Bing Search Engine က မောင်းနှင်ပေးတာဖြစ်ပါတယ်။ Cortana က ၀င်းဒိုးဖုန်း အသုံးပြုသူရဲ့ ကိုယ်ရေးလက်ထောက် တစ်ယောက်လို အလုပ်တွေလုပ်ပေးမှာ ဖြစ်ပါတယ်။ Cortana ကို အသံနဲ့ ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။ သရုပ်ပြမှုမှာ Belfiore က ရာသီဥတု အခြေအနေ၊ အားကစားသတင်းရလဒ် ၊ အစားအစာတွေမှာပါရှိတဲ့ ကယ်လိုရီ စတဲ့မေးခွန်းတွေကို ကိုယ်ရေးလက်ထောက် ကို မေးခဲ့ပြီး Cortana က ပြန်လည် ဖြေဆိုခဲ့ပါတယ်။

Cortana ဟာ ၀င်းဒိုးဖုန်းမှာ နဂိုပါတဲ့ Apps တွေနဲ့သာမက အခြား Third-Party Apps တွေနဲ့ လည်း တွဲဖက် အလုပ်လုပ်နိုင်ပါတယ်။ Belfiore က Skype, Hulu, Facebook သုံးမျိုးကို အသုံးပြုဖို့ Cortana ကို အသံ နဲ့ ခိုင်းစေ ပြသခဲ့ပါတယ်။ Skype မှာ ဖုန်းခေါ်ဆိုတာ၊ Hulu Plus မှာ Video တစ်ခု Add တာ၊ သူငယ်ချင်း တစ်ယောက် ရဲ့ Facebook Page ကို ကြည့်တာ တို့ ဖြစ်ပါတယ်။

ref: သူရ

0 comments:

Post a Comment