Tuesday, April 1, 2014

စာအုပ်ပေါင်း ၄ သန်းကျော် ဖတ်ရှုနိုင်မည့် အီလက်ထရွန်းနစ် စာကြည့်တိုက်ကို ရန်ကုန် တက္ကသိုလ်တွင် စတင်ဖွင့်လှစ်



Aung Ko Htet (MM IT Knowledge)


ထိုင်းနိုင်ငံ အခြေစိုက် iGroup မှ အမှုဆောင်အရာရှိချုပ် Mr. Pote N.tee ၏ ပံ့ပိုးမှုဖြင့် စာအုပ်ပေါင်း ၄ သန်းကျော် ဖတ်ရှုနိုင်မည့် အီလက်ထရွန်နစ် စာကြည့်တိုက်ကို ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်က စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။



စာကြည့်တိုက်တွင် IBM Server ဖြင့် ချိတ်ဆက်ထားသည့် ကွန်ပျူတာ ၂၅ လုံးတပ်ဆင်ထားပြီး အသုံးပြုသူများ လွယ်ကူစေရန် ဖိုင်ဘာစနစ် အင်တာနက်ကွန်ရက်ကို တည်ဆောက်ထားကြောင်း သိရသည်။ “လက်ရှိကျောင်းက ဖွင့်လှစ်ထားတဲ့ သင်တန်းသား ၃၀ ကတော့ အဓိက သုံးနေပြီး နောက်ပိုင်း သင်တန်းသားတစ်ဦးစီ အတွက် Registering ပြုလုပ်ပြီး အသုံးပြုရမည်” ဟု ရန်ကုန် တက္ကသိုလ် သိပ္ပံဆောင်ရှိ International Center of Excellence (ICOE) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



“တခြားဌာနက ကျောင်းသားတွေအားလုံး သုံးနိုင်အောင် အလှူရှင်တွေ ပေါ်လာရင် လက်ရှိကွန်ပျူတာ အရေအတွက်ထက် အားလုံး သုံးနိုင်ပြီး အင်တာနက်လိုင်းတွေ ပိုကောင်းအောင် ချိတ်ဆက်မယ့် လိုအပ်တဲ့ပစ္စည်းတွေ ထပ်ဖြည့်ပြီး အသုံးပြုနိုင်မှာဖြစ်သည်” ဟု ၎င်းကဆိုသည်။



ယင်းစာကြည့်တိုက် International Center of Excellence (ICOE) တွင် Online Data Base (O.B.D) ဖြင့် ချိတ်ဆက်ထားသည့် e-Book 2 သန်းကျော် စာတမ်းပြုစုသူများ အထောက် အကူဖြစ်စေနိုင်သည့် ပြုစုပြီးနမူနာ စာတမ်းပေါင်း ၁ သန်းကျော်နှင့် ရှားပါး စာအုပ်ပေါင်း ၁ သန်း စုစုပေါင်း စာအုပ် ၄ သန်းကျော် ဖတ်ရှုနိုင်မည် ဖြစ်သည်ဟု သိရသည်။



ref: ဝေေ၀

0 comments:

Post a Comment