Saturday, April 5, 2014
တရုတ် Company တစ်ခုက 3D Printer ဖြင့် အိမ်ဆယ်လုံး ကို တစ်နေ့ထဲ တည်ဆောက်
Aung Ko Htet (MM IT Knowledge)
ဒီလထဲမှာပဲ နယ်သာလန် နိုင်ငံ အမ်စတာဒမ် က ဗိသုကာပညာရှင်တွေက 3D Printer ဖြင့် ကမ္ဘာ့ ပထမဆုံး နေအိမ် ကို တည်ဆောက်ခဲ့ပါတယ်။ ဒီလိုတည်ဆောက်နိုင်တဲ့ 3D Printer ကို အချိန်သုံးနှစ် တီထွင်ခဲ့ကြတာဖြစ်ပြီး ငွေကုန်ကြေးကျများခဲ့ပါတယ်။ အခုတစ်ခါမှာ တရုတ် နိုင်ငံ ရှန်ဟိုင်းမြို့ က Company တစ်ခုက စက်ရုံမှ စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုပြီး ဈေးသက်သာတဲ့နေအိမ် ဆယ်လုံး ကို တစ်နေ့ထဲမှာ 3D Printer ဖြင့် တည်ဆောက်ခဲ့ပါတယ်။
နေအိမ်တည်ဆောက်ဖို့အတွက် အလွန်ကြီးမားတဲ့ 3D Printer တွေကို အရင် တည်ဆောက်ကြရတာဖြစ်ပါတယ်။ ရှန်ဟိုင်း က 3D Printer ဟာ အရှည် (၄၉၀) ပေ၊ အကျယ် (၃၃) ပေ နဲ့ အမြင့် (၂၀) ပေ အရွယ်အစားရှိပါတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေ ၊ စက်ရုံအလုပ်ရုံတွေ က စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကွန်ကရစ် ကို အသုံးပြုပြီး ခိုင်ခိုင်မာမာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ နေအိမ်တစ်လုံး ရဲ့ ကုန်ကျစရိတ် ဟာ ဒေါ်လာ ငါးထောင်သာ ရှိပါတယ်။
Company က သူတို့ရဲ့ နည်းပညာ ဟာ တရုတ်မြို့တော်တွေမှာ အဓိက ကြုံတွေ့နေရတဲ့ ဆင်းရဲနွမ်းပါးတဲ့ သူတွေ နဲ့ နေအိမ်ပြောင်းရွှေ့ရတဲ့ သူတွေအတွက် အဆင်ပြေစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။ Company က တရုတ် မှာ စက်ရုံ (၁၀၀) တည်ဆောက်ဖို့ ကြိုးစားနေပြီး စွန့်ပစ်ပစ္စည်းတွေကို 3D Printer မှာ အသုံးပြုနိုင်မယ့် ကုန်ကြမ်းတွေအဖြစ်ပြောင်းလဲဖို့ ဖြစ်ပါတယ်။
3D Printer ဖြင့် အိမ်တည်ဆောက်ပုံ ကို အောက်က ဗီဒီယို မှာ လေ့လာနိုင်ပါတယ်။
https://www.youtube.com/watch?v=5ZuukXXEFPg
ref: သူရ
0 comments:
Post a Comment