Aung Ko Htet (MM IT Knowledge)
Nokia က သူ့ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် ၀င်းဒိုးဖုန်း ဖြစ်တဲ့ Lumia 930 ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်း ဟာ Verizon မှ ရောင်းချနေတဲ့ Nokia Lumia Icon ရဲ့ နိုင်ငံတကာ အမျိုးအစား ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ က ပြောပါတယ်။ Lumia 930 မှာ ငါးလက်မ 1080p Display နဲ့ 20MP PureView Camera တပ်ဆင်ထားပါတယ်။
2.2GHz Quad-Core CPU တပ်ဆင်ထားတဲ့ Qualcomm Snapdragon 800 SoC မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ 2GB RAM, 32GB Internal Storage ပါရှိပေမယ့် MicroSD Card အသုံးပြုလို့မရပါဘူး။ ငါးလက်မအရွယ် Super Sensitive ClearBlack AMOLED Display တပ်ဆင်ထားပြီး Full HD Resolution (1920x1080) ဖြစ်ပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆ (၄၄၁) ဖြစ်ပါတယ်။
အဓိက ကင်မရာ မှာ 20MP PureView ဖြစ်ပြီး Optical Image Stabilization နည်းပညာပါရှိပါတယ်။ LED Flash နှစ်ခု တပ်ဆင်ထားပါတယ်။ 1080p Video တွေကို ရိုက်ကူးနိုင်ပါတယ်။
Lumia 1520 နဲ့ Lumia 1020 တို့လိုပဲ Full Resolution Photo တွေ ရိုက်ကူးနိုင်ပါတယ်။ Nokia Camera, Creative Studio, Cinemagraph စတဲ့ ဆော့ဝဲ တွေ ပါရှိပါတယ်။ စွမ်းဆောင်ချက် အသစ်တစ်ခုက Living Images ဖြစ်ပြီး HTC ရဲ့ Zoe လိုပဲ ဓာတ်ပုံတွေကနေ ဗီဒီယို တွေ ပြုလုပ်နိုင်ပါတယ်။
ဆက်သွယ်မှု အပိုင်းမှာ WiFi, Bluetooth 4.0, NFC, USB 2.0 တို့ကို အသုံးပြုနိုင်ပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 137 x 71 x 9.8mm ဖြစ်ပါတယ်။ အလေးချိန် မှာ (၁၆၇) ဂရမ် ဖြစ်ပါတယ်။ 2420mAh Battery တပ်ဆင်ထားပြီး Qi Wireless Charging အသုံးပြုနိုင်ပါတယ်။
Nokia Lumia 930 ကို ဥရောပ ၊ အာရှ၊ အရှေ့အာရှ နဲ့ အိန္ဒိယ တို့မှာ ဇွန်လ မှာ စတင်ရောင်းချပေးမှာ ဖြစ်ပြီး နောက်ပိုင်းမှာ တစ်ကမ္ဘာလုံး မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၅၉၉ (ယူရို ၄၃၅) ဖြင့် ရောင်းချပေးမယ်လို့ မျှော်လင့်ရပါတယ်။
ref: Myanmar Digital Life
0 comments:
Post a Comment