Wednesday, April 2, 2014
Samsung က Galaxy Tab4 Tablet များကို ပြသ
Aung Ko Htet (MM IT Knowledge)
Samsung က သူ့ရဲ့နောက်ဆုံးထုတ် စွမ်းဆောင်ရည် အလယ်အလတ်ရှိတဲ့ Galaxy Tab4 ကို အင်္ဂါနေ့ က ထုတ်ဖော်ပြသလိုက်ပါတယ်။ Galaxy Tab4 ကို ဧပြီလ နဲ့ ဇွန်လ အကြားမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ၇ လက်မ ၊ ၈ လက်မ နဲ့ ၁၀.၁ လက်မ သုံးမျိုးထုတ်လုပ်ပေးထားပါတယ်။ အနက်ရောင် ၊ အဖြူရောင် ရွေးချယ်နိုင်သလို WiFi , LTE အမျိုးအစားများ ခွဲခြားထုတ်လုပ်ပေးထားပါတယ်။
Galaxy Tab4 မှာ Quad-Core 1.2GHz Processor တပ်ဆင်ထားပါတယ်။ WXGA (1280x800 Resoloution) Display တပ်ဆင်ထားပါတယ်။ Android 4.4 KitKat ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 3 Megapixel Camera နဲ့ မျက်နှာချင်းဆိုင်မှာ 1.3 Megapixel Camera တပ်ဆင်ထားပါတယ်။ 802.11n WiFi , Bluetooth 4.0 အသုံးပြုနိုင်ပါတယ်။
Samsung က Specs တူညီပြီး အရွယ်အစား သိပ်မကွာခြား တဲ့ ၇ လက်မ နဲ့ ၈ လက်မ တက်ဘလက် နှစ်မျိုးကို ထုတ်လုပ်ရောင်းချတာဟာ ထူးဆန်းတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ၇ လက်မအရွယ် အမျိုးအစား မှာ 3G အသုံးပြုနိုင်တဲ့အတွက် LTE အသုံးမပြုနိုင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် ရည်ရွယ်ထုတ်လုပ်ပုံပေါ်ပါတယ်။
Samsung က အဆိုပါ တက်ဘလက်များ ကို ဒေါ်လာ ၃၅၀ အောက်မှာ ရောင်းချနိုင်ပါတယ်။
Ref: Myanmar Digital Life
0 comments:
Post a Comment