Wednesday, April 2, 2014

Samsung က စမတ်အိမ် ၀န်ဆောင်မှု ကို ကိုရီးယား နဲ့ အမေရိကန် တွင် စတင်



Aung Ko Htet (MM IT Knowledge)

Samsung က စမတ်အိမ် ၀န်ဆောင်မှု ကို ဇန်န၀ါရီလ မှာ ပြုလုပ်ခဲ့တဲ့ CES ပွဲမှာ ကြေညာခဲ့ပြီး အခုတော့ ကိုရီးယား နဲ့ အမေရိကန် မှာ စတင် ၀န်ဆောင်မှု ပေးလိုက်ပြီ ဖြစ်ပါတယ်။

Samsung ရဲ့ Smart Home က စမတ်တီဗီ ၊ အိမ်သုံးပစ္စည်းများ နဲ့ စမတ်ဖုန်း ကို ချိတ်ဆက်ပေးမှာ ဖြစ်ပြီး စမတ်ဖုန်း ကနေ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တီဗီ Remote Control ကို “Good Night “ လို့ ပြောလိုက်တာနဲ့ ချိတ်ဆက်မိနေတဲ့ Device တွေဖြစ်တဲ့ စမတ်မီးသီး ၊ Air-Conditioner တို့ကို ပိတ်ပေးမှာ ဖြစ်ပါတယ်။

အိမ်အပြင်မှာ ရောက်နေရင်လည်း အိမ်ရဲ့ အခြေအနေ ကို စမတ်ဖုန်း App ကနေ စစ်ဆေးနိုင်ပါတယ်။ ဥပမာအားဖြင့် အဝေးတစ်နေရာကနေ အ၀တ်လျှော်စက် ကို အမိန့်ပေးခိုင်းစေနိုင်ပါတယ်။ အသုံးပြုသူတွေက Samsung Smart Home App ကို Samsung Account နဲ့ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ App ကို Samsung Apps နဲ့ Google Play မှာ ရယူနိုင်ပါတယ်။ Gear 2 စမတ်နာရီအတွက် Smart Home App ကိုလည်း ပြုလုပ်ပေးမယ်လို့ သိရပါတယ်။ ၂၀၁၄ Smart TV တွေအတွက် App ကို ဧပြီလ မှာ ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ App ကနေ ပေးပို့တဲ့ ဒေတာအားလုံး ကို Encrypt လုပ်ထားတယ်လို့ Samsung က ပြောပါတယ်။

မကြာမီ က ကြေညာခဲ့တဲ့ စမတ်မီးသီး ၊ ဖုန်စုပ်စက်ရုပ် ၊ Gear Fit လို ချပ်ဝတ်တန်ဆာကွန်ပြူတာ တွေကို စမတ်အိမ် စနစ် ထဲ ထည့်သွင်းပေးမယ်လို့ သိရပါတယ်။


ref: Myanmar Digital Life

0 comments:

Post a Comment