Monday, May 5, 2014
2014 ASEAN Summit အခမ်းအနား၌ BMW အဆင့်မြင့်ကားများ ပံ့ပိုးကူညီမည်
Aung Ko Htet (MM IT Knowledge)
2014 ASEAN Summit အခမ်းအနား၌ နိုင်ငံခေါင်းဆောင်ကြီးများနှင့် ဝန်ကြီးများ အစည်းအဝေးတွင် အသုံးပြုနိုင်ရန်အတွက် BMW Asia နှင့် BMW ၏ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ် Prestige Automobiles Company မှ BMW အဆင့်မြင့်ကားများကို ပံ့ပိုးကူညီမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်မည့် ASEAN နိုင်ငံခေါင်းဆောင်ကြီးများနှင့် ဝန်ကြီးများ အသုံးပြုလိုက်ပါစီးနှင်းနိုင်ရန် BMW 7 Series, 5 Series Exective Sedan နှင့် BMW X5 Sports Activiy Vehicle တို့ အား ပထမအသုတ်အနေဖြင့် မော်တော်ယာဉ် အစီး ၇၀ ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ် အစီး ၇၀ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မေလ ၄ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၊ နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ လွှဲပြောင်းပေးအပ်ပွဲတွင် အာဆီယံထိပ်သီး အစည်းအဝေးကျင်းပရေး ပို့ဆောင်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထူးက လက်ခံခဲ့ဟု သိရသည်။
BMW သည် ယခုကဲ့သို့ ASEAN အခမ်းအနားနှင့် သင့်တော်လိုက်ဖက်မှုရှိသည့် အဆင့်မြင့်ကားများအား ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် ကမ္ဘောဒီယားနိုင်ငံနှင့် ဘရုနိုင်းနိုင်ငံတို့တွင်လည်း ပံ့ပိုးခဲ့သည်။
ref: မိုးသူ
0 comments:
Post a Comment