Monday, May 5, 2014
World Summit Award - mobile 2014 ပြိုင်ပွဲဝင်များဖိတ်ခေါ်ခြင်း
Aung Ko Htet (MM IT Knowledge)
ICT နှင့် Mobile နည်းပညာကို လူမှုပတ်ဝန်းကျင်တွင် အကောင်းဆုံး အသုံးချနိုင်ရန် ရည်ရွယ်၍ World Summit Award အဖွဲ့အစည်းမှ ဦးဆောင်ကျင်းပမည့် WSA-mobile 2014 ပြိုင်ပွဲအား မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင် နိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ Mobile နည်းပညာကို စိတ်ဝင်စားသော Software Developer များ၊ Entrepreneur များ၊ ကျောင်းသား ၊ကျောင်းသူများ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ Company အနေဖြင့်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင် နိုင်ပါသည်။
(က)ပြိုင်ပွဲခေါင်းစဉ်- World Summit Award-mobile 2014
(ခ) ပြိုင်ပွဲအမျိုးအစားများ- Government and Participation,m-Environment & Health ,m-Learning & Education, m-Entertainment & Lifestyle, m-Tourism & Culture, m-Media & News ,m-Business & Commerce, m-Inclusion & Empowerment
(ဂ) Project တင်သွင်းရမည့်ရက် -၂၀၁၄၊ မေလ ၁ ရက်မှ ဇွန်လ ၅ ရက်အထိ
ပြိုင်ပွဲအမျိုးအစားအားလုံးအတွက် ဆုရရှိသူများသည် Abu Dhabi တွင် ကျင်းပပြုလုပ်မည့် WSA-mobile Global Congress 2014 သို့ တက်ရောက်၍ ဆုလက်ခံရယူရမည်ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များကို www.wsa-mobile.org တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် ရုံးခန်း၊ ဖုန်း-၆၅၂၃၀၇ ၊ ၀၉-၇၃၂၅၇၃၇၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ref: Tech space
0 comments:
Post a Comment