Monday, May 5, 2014
ရန်ကုန်တက္ကသိုလ် ဘွဲ့လွန် အသုံးချ ဘူမိဗေဒ ဒီပလိုမာ သင်တန်းသားများ ခေါ်ယူ
Aung Ko Htet (MM IT Knowledge)
၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွက် ရန်ကုန်တက္ကသိုလ် ဘွဲ့လွန်အသုံးချ ဘူမိဗေဒ ဒီပလိုမာ တစ်နှစ် သင်တန်းကို ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် အထူးပြု ဘာသာရပ်များဖြစ်သည့် Economic & Mining Geology, Exploration Geochemistry, Exploration Geophysics, Gemmology, Hydrogeology, Engineering Geology, Petroleum Geology စသည့် ဘာသာရပ်များ ဖွင့်လှစ်မည်ဖြစ်ည်။ အထူးပြု ဘာသာရပ် သင်တန်း တစ်ခုခု တက်ရောက်ရန် လျှောက်ထားလိုသူများ အနေဖြင့် အနိမ့်ဆုံး ပညာအရည်အချင်းမှာ ဘူမိဗေဒ ဘာသာ ရပ်ဖြင့် ဘွဲ့ရပြီး မဟာသိပံ္ပ အရည်အချင်းစစ် သင်တန်းသို့ တက်ရောက်ရန် အဆင့်မီသူ ဖြစ်ရမည် ဖြစ်ပြီး ဘူမိဗေဒ ဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ရ ဘူမိဗေဒဆိုင်ရာ လုပ်ငန်းခွင်မှ ဝန်ထမ်းများသည် သက်ဆိုင်ရာ လုပ်ငန်း၌ အမြဲတမ်းလုပ်သက် ၂ နှစ်ရှိပြီး ဌာနဆိုင်ရာ အကြီးအကဲ၏ တရားဝင် ခွင့်ပြုမိန့် ရရှိသူများသာ လျှောက်ထားနိုင်မည် ဖြစ်သည်။
လျှောက်လွှာများကို ၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက ဘွဲ့လွန် အသုံးချဘူမိဗေဒဌာန (လှိုင်တက္ကသိုလ် နယ်မြေ) တွင် စုံစမ်းနိုင်မည် ဖြစ်သည်။
ref: ဝေဝေ
0 comments:
Post a Comment