Monday, May 5, 2014
မိုဘိုင်းအော်ပရေတာများ SIM Card ရောင်းချမှုအပေါ် အများပြည်သူထံမှ အကြံဉာဏ်များကို ရယူမည်
Aung Ko Htet (MM IT Knowledge)
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မိုဘိုင်းဆက် သွယ်ရေး အော်ပရေ တာများမှ SIM Card များ ရောင်းချရာတွင် ကျင့်သုံးရမည့် Code of Practice များနှင့် ပတ်သက်ပြီး အများပြည်သူထံမှ အကြံဉာဏ်များကို ရယူသွားပြီး ဆောင်ရွက်သွားမည်ဟု အဆိုပါဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်လိုက်သည်။
မကြာမီ လုပ်ငန်းများစတင်တော့မည့် ဆက်သွယ်ရေး အော်ပရေတာများ၏ SIM Card များ ရောင်းချရာ၌ ကျင့်သုံးရမည့် Code of Practice နှင့် ပတ်သက်သည့် အများပြည်သူထံမှ အကြံဉာဏ်ရယူခြင်းကို ယခုလ ၅ ရက်မှ၊ ၁၉ ရက်၊ ညနေ ၄ နာရီခွဲအချိန်ထိ ပြုလုပ်သွားမည် ဖြစ်သည်။ SIM Card များ ရောင်းချရာတွင် အများပြည်သူ၏ အကြံပြုချက်များအ တိုင်း ဆောင်ရွက်မည်ဖြစ်သည့် အဆိုပါ အကြံဉာဏ်တောင်းယူခြင်း အကြောင်းအရာနှင့် ပတ်သက်သည့် အချက်အလက်များကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်များဖြစ်သည့် www.mcit.gov.mm တွင် ရယူနိုင်ကြောင်း သိရသည်။
ref: ယုဇနကိုကို
0 comments:
Post a Comment