Monday, May 5, 2014

LG G3 ထွက်ရှိလာတော့မည်ဟုသတင်းများထွက်ပေါ်



Aung Ko Htet (MM IT Knowledge)
 
LG က၎င်း၏ဖုန်းအသစ်ဖြစ်သော LG G3 ကိုယခုလ၂၇ရက်နေ့တွင် တရားဝင်ထုတ်ဖော်မိတ် ဆက်သွားမည်ဟုသတင်းထွက်ပေါ်လျက်ရှိသည်။

ယင်းပွဲဖိတ်စာကို London ၊ New York နှင့် San Francisco ရှိ Members များအပြင် Istanbul ၊ Seoul နှင့် Singapore စသည့်နိုင်ငံများမှ Member များထံပေးပို့ခဲ့ခြင်းဖြစ်ပြီး၎င်းဖိတ်စာ၏မျက်နှာဖုံးတွင် “ To be simple is to be great “ ဆိုသည့်စာတန်းလေးပါရှိသည်ဟုသိရသည်။

အဆိုပါထွက်ရှိလာမည့် LG G3 ကိုယခင်ထွက်ရှိပြီးသားဖုန်းတွေထက် ပိုမို ကောင်းမွန်အောင်ပြုလုပ် ထားပြီးလူအများကလည်းကြိုက်နှစ်သက်လိမ့် မည်ဟုကုမ္ပဏီကမျှော်မှန်းထားသည်ဟုသိရသည်။

လက်ရှိအချိန်မှာLG G3 ထွက်ပေါ်လာခြင်းဟာ၎င်း၏ပြိုင်ဘက်များဖြစ်သော Sony နှင့် Samsung တို့ကယင်းတို့၏နောက်ဆုံးထွက်ဖုန်းများကိုမိတ် ဆက်ပေးပြီးသောအချိန်မှ ထွက်လာခြင်း သည့်အနည်းငယ်နောက်ကျ ကျန်နေမလားဆိုတာကိုလူအများ ကစိတ်ဝင်စားလျက်ရှိသည်ဟုဆိုသည်။

Rumour သတင်းများအရဆိုလျှင် LG G3 တွင် 2K Display ၊ Dust and Water Resistant Body နှင့် 3GB ရှိတဲ့ RAM ကိုထည့်သွင်းထားမည် ဟုသိရသည်။

ဒါ့အပြင် LG G3 ကို G Watch နှင့်လည်းထွက်ဖက်အသုံးပြုနိုင်မလား ကိုလည်းလူအများစုကစိတ် ၀င်စားနေကြောင်းသိရသည်။

Ref : Cnet

Wai Phyo Aung (TSJ Team)

0 comments:

Post a Comment